#Local_News
Published 23 January 2025

▪️ အိန္ဒိယနိုင်ငံ၊ ကော်လ်ကတ္တားမြို့တွင်  အနောက်ဘင်္ဂလားပြည်နယ်အစိုးရမှ ကြီးမှူး၍ “8th  Bengal Global Business Summit” ကို ဖေဖော်ဝါရီလ ၅ ရက်နေ့မှ ၆ ရက်နေ့အထိ ကျင်းပမည်ဖြစ်ရာ အဆိုပါထိပ်သီးအစည်းအဝေးသို့ မြန်မာနိုင်ငံမှ လုပ်ဖော်ကိုင်ဖက်နိုင်ငံ (Partner Country) အဖြစ် ပါဝင်တက်ရောက်နိုင်ရန် ဖိတ်ကြားထားကြောင်း သိရှိရသည်။

▪️ “8th  Bengal Global Business Summit” သို့ ပါဝင်တက်ရောက်သည့်အတွက် အခကြေးငွေ တစ်စုံတစ်ရာပေးရန် မလိုအပ်ဘဲဆွေးနွေးပွဲတစ်လျှောက်လုံး၌ အထူးဦးစားပေး၍ အသိအမှတ်ပြု ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း၊ ၎င်းတို့၏ ကြော်ငြာများ၊ သတင်းအစီအစဉ်များနှင့် အမှတ်တံဆိပ်မြှင့်တင်ခြင်းအားလုံး၌ နိုင်ငံ၏အမည်ကို ထည့်သွင်းဖော်ပြပေးမည်ဖြစ်ကြောင်း။ နိုင်ငံတော်အလံကို ထင်ရှားစွာ ဖော်ပြပေးမည်ဖြစ်ပြီး၆ မီတာ x ၆ မီတာ သို့မဟုတ် ၅ မီတာ x ၅ မီတာ အကျယ်အဝန်းရှိ အခမဲ့ ပြခန်း ၁ ခန်း ရရှိမည်ဖြစ်ကြောင်း၊ B2B၊ G2G ဆွေးနွေးပွဲများတွင် ပါဝင်တက်ရောက်နိုင်မည်ဖြစ်ကြောင်း သိရသည်။

▪️ ထို့အပြင် MoUs နှင့် သဘောတူညီချက်များ ပြုလုပ်ဆောင်ရွက်နိုင်မည့် အခွင့်အလမ်းရှိမည်ဖြစ်ကြောင်း၊ သက်ဆိုင်ရာကဏ္ဍအလိုက် ဆွေးနွေးပွဲများတွင် ပါဝင်ဟောပြောခွင့်နှင့် ဆွေးနွေးတင်ပြခွင့်များ ရရှိမည်ဖြစ်ကြောင်း၊ အစိုးရ/သံရုံးတို့မှ တရားဝင်ကိုယ်စားလှယ်များအတွက် တည်းခိုနေထိုင်မှုနှင့် ပြည်တွင်းသွားလာမှုဆိုင်ရာကိစ္စရပ်များကို ပြပွဲစီစဉ်ဆောင်ရွက်သူဖက်မှ ကျခံဆောင်ရွက်ပေးမည်ဖြစ်ကြောင်း သိရသည်။

▪️ ထို Summit သို့ လုပ်ဖော်ကိုင်ဖက်နိုင်ငံအဖြစ် ပါဝင်တက်ရောက်လိုသည့် မြန်မာကိုယ်စားလှယ်များအနေဖြင့် မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့၊ ကုန်သွယ်မှုဖွံ့ဖြိုးရေးဌာနခွဲ၊ ဖုန်း-၀၆၇-၄၀၈၆၂၂၊ E-mail: This email address is being protected from spambots. You need JavaScript enabled to view it. သို့ ဆက်သွယ်စုံစမ်း စာရင်းပေးသွင်းနိုင်ကြောင်း သိရသည်။

#YMG/SW #Yangon_Times