#Local_News
Published 10 March 2025

▪️ ပြည်ပအလုပ်အကိုင်အေဂျင်စီ ၃၉ ခုကို မြန်မာ အလုပ်သမားများ၏ မိသားစုလွှဲပို့ငွေ အထောက်အထားများတင်ပြရန် ယနေ့နောက်ဆုံးထား  အသိပေးထားကြောင်း အလုပ်သမားဝန်ကြီးဌာနမှ သိရသည်။

▪️ အလုပ်သမားဝန်ကြီးဌာနသည် ပြည်ပရောက် မြန်မာလုပ်သားများ၏  လစာ  ၂၅ ရာခိုင်နှုန်းကို မိသားစုထံ တရားဝင်လမ်းကြောင်းများမှလွှဲပို့ရန်  ညွန်ကြားထားကြောင်း သိရသည်။

▪️ ထို့ကြောင့် ယခုအသိပေးထားသည့်  အေဂျင်စီများမှမိသားစုလွှဲပို့ငွေ အထောက်အထားများ အချိန်မီပေးပို့လာခြင်းမရှိသည့် အေဂျင်စီများ၏  အလုပ်ခေါ်အသစ်တင်ပြခွင့် ဆိုင်းငံ့သွားမည်ဖြစ်ပြီး ဒဏ်ကြေးပါပေးဆောင်ရမည်ဖြစ်ကြောင်း သိရသည်။

#YMG/NN #Yangon_Times