အခုလအတွင်းဖြေဆိုကြမယ့် တက္ကသိုလ်ဝင်တန်းကျောင်းသူ၊ ကျောင်းသားတွေ သွားလာရေးအဆင်ပြေစေဖို့ YBS ယာဉ်တွေထပ်တိုးပြေးဆွဲတာ၊ မီနီဘတ်(စ်) ၁၀ စီးကိုအသင့်ပြင်ထားတာ၊ ဝန်ထမ်းတွေဆီအကူအညီ တောင်းလာပါက တက်စီအငှားယာဉ်ငှားရမ်းပေးတာ စတာတွေအပါအဝင် အကူအညီတွေပေးသွားမယ်လို့ ရန်ကုန်တိုင်းဒေသကြီးပုဂ္ဂလိကအများပိုင်သယ်ယူပို့ဆောင်ရေးကြီးကြပ်မှုကော်မတီ YRTC က သိရပါတယ်။
#Local_News
Published 10 March 2025
#တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုသူ #YRTC
#YMG/NN #Yangon_Times