#Local_News
Published 5 February 2025
▪️ ရန်ကုန်တိရစ္ဆာန်ဥယျာဉ်၌ ရှားပါးမျိုးစိတ် ပန်ဒါနီစုံတွဲ ပြကွက်အသစ်များ ပြင်ဆင်ထားသည့် အတွက် လာရောက်ကြည့်ရှုနိုင်ပြီဖြစ်ကြောင်း ရန်ကုန်တိရစ္ဆာန်ဥယျာဉ် အုပ်ချုပ်ရေးအဖွဲ့မှ
သိရသည်။
▪️ နေပြည်တော်ရှိ ရှားပါးမျိုးစိတ် ပန်ဒါနီငါးကောင်မှ မီးမီးနှင့်မောင်မောင်ပန်ဒါစုံတွဲအား ရန်ကုန်တိရစ္ဆာန်ဥယျာဉ် (၁၁၉)နှစ်အတွက် ပြကွက်အသစ်တိုးပြသနိုင်ရန် နှင့် မျိုးဆက်ပွားနိုင်ရန် ရန်ကုန်သို့ခေါ်ယူခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
▪️ ပန်ဒါနီမလေး မီးမီးသည်အသက် လေးနှစ် ခန့်အရွယ် ၂၀၁၅ ခုနှစ်တွင် မြစ်ကြီးနားမှ နေပြည်တော်တိရစ္ဆာန်ဥယျာဉ်သို့ ရောက်ရှိခဲ့ပြီး လတ်တလောတွင် အသက်၁၃ နှစ်ဖြစ်ရှိပြီဖြစ်ကြောင်း သိရသည်။
▪️ မောင်မောင်မှာမူ အသက်နှစ်နှစ်ခန့်အရွယ် ၂၀၁၅ ခုနှစ်တွင် မြစ်ကြီးနားမှနေပြည်တော်တိရစ္ဆာန်ဥယျာဉ်သို့ ရောက်ရှိခဲ့ပြီးလတ်တလောတွင် အသက်၁၂နှစ်ခန့် ရှိပြီဖြစ်ကြောင်း သိရသည်။
▪️ ပန်ဒါနီများသည်မြန်မာနိုင်ငံမြောက်ဖျားပိုင်း၊ တရုတ်နယ်စပ်နှင့် အိန္ဒိယနယ်စပ်များတွင် ကျက်စားနေထိုင်လေ့ရှိကြပြီး ကမ္ဘာ့အဆင့် ရှားပါးစာရင်းဝင်ဖြစ်ကြောင်း၊ ၎င်းတို့သည် အဓိကအားဖြင့် ဝါးရွက်များကိုစားသုံးကြပြီး အင်းဆက်အကောင်များကိုလည်း ဖမ်းယူစားသောက်လေ့ရှိကြောင်း သိရသည်။
▪️ ထို့အပြင် ဥယျာဉ်အနေဖြင့်လည်း သဘာဝနှင့် လိုက်လျောညီထွေစေရန် ဝါးရွက်များကို ခုတ်ယူ ကျွေးမွေးလေ့ရှိကာ အာဟာရဖြစ်စေရန် ငုံးဥ၊ ခါကြက်ဥ၊ စပျစ်သီး၊ ပန်းသီး၊ ငှက်ပျောသီးများနှင့် ဗီတာမင်အားဆေးများကိုလည်းကျွေးမွေးနေကြောင်း သိရသည်။
#YMG/NN #Yangon_Times