#Local_News
Published 1 February 2025
▪️ ဖေဖော်ဝါရီလ ၉ ရက်တွင် ကျင်းပမည့် မြန်မာ့ရုပ်ရှင်ထူးချွန်ဆုပေးပွဲတွင် မြန်မာ့အကယ်ဒမီဖက်ရှင်ဆုများ ပေးအပ်မည်ဖြစ်ကြောင်း သိရသည်။
▪️ ပေးအပ်သွားမည့် မြန်မာ့အကယ်ဒမီဖက်ရှင်ဆုများမှာ အကောင်းဆုံးအမျိုးသားဝတ်စားဆင်ယင်မှုအကြီးတန်းဆု၊အကောင်းဆုံးအမျိုးသမီး ဝတ်စားဆင်ယင်မှုအကြီးတန်းဆု၊အကောင်းဆုံးဝတ်စားဆင်ယင်မှုအမျိုးသားဆုနှင့် အကောင်းဆုံး ဝတ်စားဆင်ယင်မှုအမျိုးသမီးဆုတို့ဖြစ်ပြီးအဆိုပါဆုများကိုမြန်မာ့ရုပ်ရှင် ထူးချွန်ဆု ချီးမြှင့်ပွဲသို့
တက်ရောက်လာသည့် မြန်မာ့ရုပ်ရှင်အနုပညာရှင်လေးဦးကို ရွေးချယ်ပေးအပ်မည်ဖြစ်ကြောင်း သိရသည်။
▪️ ထိုဆုများအတွက်အကဲဖြတ်ဒိုင်များအဖြစ် ရုပ်ရှင်သရုပ်ဆောင်အကယ်ဒမီဆွေဇင်ထိုက်၊ ဂျွန်လွင်(Star & Model int'l)၊ဒီဇိုင်နာပြည်စိုးအောင်၊ မိတ်ကပ်ခင်စန်းဝင်းနှင့်ဓာတ်ပုံကိုနိုင်(R2)တို့က ဆောင်ရွက်သွားမည်ဖြစ်ပြီးပွဲေန့ည (၇) နာရီတိတိတွင် အကဲဖြတ်ဒိုင်လူကြီးများကအမှတ်ပေါင်း ဆုပေးမည်ဖြစ်သောကြောင့် ပွဲတက်ရောက်လာကြသော အနုပညာများအနေဖြင့် ည (၆) နာရီခွဲ နောက်ဆုံးထား တက်ရောက်ပေးရန်လိုအပ်ကြောင်း သိရသည်။
#YMG/SW #Yangon_Times