#Local_News
Published 9 April 2025

▪️ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ဦးဆောင်မှုဖြင့် တစ်နိုင်ငံလုံးမှ ရဟန်း ရှင်လူပြည်သူအများဘေးအန္တရာယ်ကင်းဝေးစေရန် ရည်ရွယ်၍ပရိတ်တရားတော်များ ရွတ်ဖတ်ပူဇော်ပွဲကိုးရက်တိုင်တိုင် ကျင်းပနေကြောင်းရွှေတိဂုံစေတီတော်ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့မှ သိရသည်။

▪️ အဆိုပါ ကျင်းပပြုလုပ်သည့် ပရိတ်တရားတော်များ ရွတ်ဖတ်ပူဇော်ပွဲ အခမ်းအနားကိုယမာန်‌နေ့ည ၇ နာရီတွင်  ဆရာတော်၊သံဃာ့တော် ၁၈ ပါးမှစေတီတော်ရင်မြောက်ဘက်မုခ်အောင်မြေရှိ ချမ်းသာကြီးတန်းဆောင်၌အလှည့်ကျယမာန်‌နေ့  ဧပြီ၈ရက်နေ့ ည ၇နာရီမှ မှ ဧပြီ ၁၆ ရက်နေ့အထိ ၉ ရက်တိုင်တိုင်ရဟန်းရှင်လူ ပြည်သူအများ ဘေးအန္တရာယ်ကင်းဝေးစေရန် ပရိတ်တရားတော်များကိုရွတ်ပွားသရဇ္ဈာယ်ပူဇော်လျှက်ရှိကြောင်း သိရသည်။

▪️ အဆိုပါ ပရိတ်တရားတော်များ ရွတ်ဖတ်ပူဇော်ပွဲ ဖွင့်ပွဲအခမ်းအနားသို့ရန်ကုန်တိုင်းဒေသကြီး သံဃနာယကအဖွဲ့ ဥက္ကဋ္ဌ၊ အဂ္ဂမဟာပဏ္ဍိတ၊ အဂ္ဂမဟာ သဒ္ဓမ္မဇောတိကဓဇ၊ ဒွိပိဋကဓရ၊ တိပိဋကာလင်္ကာရ စာသင်တိုက် ဦးစီးပဓာနနာယက ဆရာတော် ဘဒ္ဒန္တအဂ္ဂသာမိ အမှူးပြုသည့် ဆရာတော်၊သံဃာ့တော်များကြွရောက်တော်မူကြပြီးရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဦးစိုးသိန်း၊တိုင်းဒေသကြီးဝန်ကြီးများ၊ဌာနဆိုင်ရာတာဝန်ရှိသူများ၊ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့များ၊ဘာသာရေးဝတ်အသင်းအဖွဲ့များတက်ရောက်ကြည်ညိုကြကြောင်း သိရသည်။

▪️ အခမ်းအနားတွင်  ဦးစွာ နမောတဿ  သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့၍ အခမ်းအနားဖွင့်လှစ်ပြီး ရန်ကုန်တိုင်းဒေသကြီး သံဃနာယကအဖွဲ့ ဥက္ကဋ္ဌ၊ အဂ္ဂမဟာပဏ္ဍိတ၊ အဂ္ဂမဟာ သဒ္ဓမ္မဇောတိကဓဇ၊ ဒွိပိဋကဓရ၊ တိပိဋကာလင်္ကာရ စာသင်တိုက် ဦးစီးပဓာနနာယက ဆရာတော် ဘဒ္ဒန္တအဂ္ဂသာမိထံမှ ပရိသတ်များက ငါးပါးသီလ ခံယူဆောက်တည်ကြသည်။    
                  
▪️ ထို့နောက်ဆရာတော်၊သံဃာ့တော်များ၊ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဦးစိုးသိန်း၊တိုင်းဒေသကြီးဝန်ကြီးများ၊ဌာနဆိုင်ရာတာဝန်ရှိသူများ၊ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့များ၊ ဘာသာရေးဝတ်အသင်းအဖွဲ့များပရိတ်တရားတော်အားစုပေါင်းရွတ်ဖတ်ပူဇော်ကြသည်။

▪️ ယင်းနောက် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်ဦးစိုးသိန်းနှင့် တိုင်းဒေသကြီးဝန်ကြီးများ၊ ဂေါပကအဖွဲ့ဝင်များ၊ အလှူရှင်များက ဆရာတော် သံဃာတော်အရှင်သူမြတ်များအား လှူဖွယ်ဝတ္ထုပစ္စည်းများဆက်ကပ်လှူဒါန်းကြပြီး နောက် နိုင်ငံတော်ဗဟိုသံဃာ့ဝန်ဆောင်၊ တိပိဋကဩဝါဒါစရိယ၊ စေတီယင်္ဂဏပဝရသီရိ မဟာဓမ္မဂုရု၊ အဂ္ဂမဟာပဏ္ဍိတ၊ သ.စ.အ ဓမ္မာစရိယ(ဝဋံသကာ) ပါဠိပါရဂူ  လှရတနာဆရာတော်ဘဒ္ဒန္တနာရဒါဘိဝံသထံမှ အနုမောဒနာတရားနာယူပြီး လှူဒါန်းမှုအစုစုကို ရေစက်သွန်းလောင်း အမျှပေးဝေကာ ဗုဒ္ဓ သာသနံ စိရံ တိဋ္ဌတု သုံးကြိမ် အဓိဌာန်ပြု ဆုတောင်း၍အခမ်းအနားရုပ်သိမ်းလိုက်ကြောင်း သိရသည်။

▪️ ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိဘုရား၊စေတီများတွင်လည်းဆရာတော်၊သံဃာ့တော်များဝတ်အသင်းအဖွဲ့များကလည်းရဟန်းရှင်လူ ပြည်သူအများဘေးအန္တရာယ် ကင်းဝေးစေရန်ရည်ရွယ်၍ ပရိတ်တရားတော်များ ရွတ်ဖတ်ပူဇော်ခဲ့ကြကြောင်း သိရသည်။

#YMG/NN #Yangon_Times