#Local_News
Published 8 April 2025
▪️ ဧပြီလ ၉ ရက်မှ စတင်ကာ မန္တလေးမြို့၊ ၃၀ လမ်း၊ ၈၂-၈၃ လမ်းကြားရှိ ဖူကျင် ဗုဒ္ဓဘာသာဘုရားကျောင်းတွင် တရုတ်ပရဟိတဆရာဝန်များအဖွဲ့ က ၁၀ရက်ကြာ အခမဲ့ဆေးကုသပေးသွားမည်ဖြစ်ကြောင်း သိရသည်။
▪️ တရုတ်နိုင်ငံ ပရဟိတဆရာဝန်များနှင့်ဖွဲ့စည်းထားသော ကယ်ဆယ်ကုသရေးအဖွဲ့မနက် ၉ နာရီ မှ နေ့လည် ၁၂ နာရီ အထိ၊ ညနေ ၂ နာရီခွဲမှ ၅ နာရီခွဲအထိ အခမဲ့ ဆေးကုသပေးသွားမှာဖြစ်ပြီးကျန်းမာရေးအကြံပေးခြင်း၊ ဒဏ်ရာပြုစုကုသခြင်း၊ သားဖွားမီးယပ်စစ်ဆေးခြင်း၊ ဆေးဝါးဆိုင်ရာအကြံပေးခြင်း၊ CT ရိုက်ခြင်း၊ ဓာတ်မှန်ရိုက်ခြင်း၊ ECG ရိုက်ခြင်းတို့ကို လုပ်ဆောင်ပေးသွားမည်ဖြစ်သောကြောင့် ဆေးဝါးအကူအညီလိုအပ်သူများအနေဖြင့်လာရောက်ကုသနိုင်ကြောင်း သိရသည်။
▪️ ကုသပေးမည့် ပရဟိတဆရာဝန်များအဖွဲ့တွင် ပေကျင်းမြို့နှင့် တရုတ်နိုင်ငံအနှံ့မှ အဆင့်မြင့်ဆေးရုံကြီးများ(Grade-A tertiary အဆင့်) မှ အကြီးတန်း ဆရာဝန်ကြီးများ နှင့် ဒုတိယ အကြီးတန်း ဆရာဝန်ကြီးများပါဝင်ပြီး ဆရာဝန်ကြီးများ၏ အထူးကုဘာသာရပ်များမှာ အထွေထွေ (နှလုံးသွေးကြော၊ အသက်ရှူလမ်းကြောင်း၊ အစာအိမ်၊ အာရုံကြော)၊ အရိုး၊ သားဖွားမီးယပ်၊ ခွဲစိတ်(နှလုံးသွေးကြော၊ အသက်ရှူလမ်းကြောင်း၊ အစာအိမ်၊ အာရုံကြော)၊ မေ့ဆေး စသည်တို့ဖြစ်ကြောင်း သိရသည်။
#YMG/SW #Yangon_Times