#Local_News

Published 31 October 2024

▪️ မြန်မာနိုင်ငံတော်ဗဟိုဘဏ်သည်    အမေရိကန်ဒေါ်လာ ၉ သန်းခွဲကျော်အပါအဝင် ထိုင်းဘတ်နှင့်တရုတ်ယွမ်ငွေစသည့်နိုင်ငံခြားငွေကြေးများကို အောက်တိုဘာ ၃၀ ရက်ကထုတ်ရောင်းပေးခဲ့ကြောင်းသိရသည်။

▪️ ထိုသို့ရောင်းချရာတွင် ငွေလဲနှုန်း ၃၅၇၂ ကျပ်နှင့်   ကန်ဒေါ်လာ ၉ သန်းခွဲကျော်ကို ရောင်းချပေးခဲ့ခြင်းဖြစ်သည်။

▪️ အလားတူ ငွေလဲနှုန်း ၅၂၆.၇ ကျပ်နှင့် တရုတ်ယွမ် ၂ သန်းကျော် ၊ငွေလဲနှုန်း ၁၂၄.၃၈ ကျပ်ဖြင့် ထိုင်းဘတ် ၁၅၆ သန်းကျော်ကိုလည်း ထုတ်ရောင်းပေးခဲ့ကြောင်းသိရသည်။

▪️ ထို့အပြင် ယခုဘဏ္ဍာနှစ် ဧပြီလမှ  အောက်တိုဘာလအထိ ခုနစ်လအတွင်း စက်သုံးဆီ၊ စားသုံးဆီနှင့် သွင်းကုန် လုပ်ငန်းရှင်များ အတွက် အမေရိကန်ဒေါ်လာ တစ်ဘီလီယံကျော် ထုတ်ရောင်းပေးထားကြောင်းသိရသည်။

#YMG/NN #Yangon_Times