#Local_News
Published 20 February 2025
▪️ ပဲခူးမြို့နှင့် မန္တလေးမြို့များရှိ ရပ်ကွက် အချို့၌ ယနေ့ မနက်အစောပိုင်းတွင် မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့မှ သိရသည်။
▪️ ဖေဖော်ဝါရီ ၂၀ရက်နေ့၊ မနက်၂ နာရီ ၉ မိနစ် အချိန်ခန့်က ၊ ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ပဲခူးမြို့နယ်၊ ဥသာ(၇)ရပ်ကွက်တွင် မီးလောင်မှုဖြစ်ပွားနေကြောင်း သတင်းရရှိသဖြင့် ပဲခူးခရိုင်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၁)စီး၊ မီးသတ်ရေသယ်ယာဉ်(၁)စီး၊ ပဲခူးမြို့နယ်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၁)စီး၊ မီးသတ်ရေသယ်ယာဉ်(၁)စီး၊ စခန်း၃နယ်မြေမီးသတ်စခန်းမှ မီးသတ်ရေသယ်ယာဉ်(၁)စီး၊ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များဖြင့် သွားရောက် ငြှိမ်းသတ်ခဲ့ရာ မနက်၂ နာရီ၂၆ မိနစ်အချိန်၌ မီးငြိမ်းခဲ့ ကြောင်းသိရသည်။
▪️ အလားတူ ဖေဖော်ဝါရီ ၂၀ရက်နေ့၊ မနက်၄နာရီ ၂ မိနစ်အချိန်ခန့်က မန္တလေးတိုင်းဒေသကြီး၊ ချမ်းအေးသာစံမြို့နယ်၊ လမ်း(၃၀x ၃၁) (၈၆ x၈၇)တွင် မီးလောင်မှုဖြစ်ပွားကြောင်း သတင်းရရှိသဖြင့် level 1 ယာဉ်အုပ်စုများ ထွက်ခွာငြိမ်းသတ်ခဲ့ရာ ၄ နာရီ ၁၇ မိနစ် အချိန်၌ မီးထိန်း၍ ၄ နာရီ ၂၁ မိနစ်အချိန်၌ မီးငြိမ်း နိုင်ခဲ့ကြောင်း သိရသည်။
#YMG/NN #Yangon_Times