#Local_News
Published_15 Feb 2025


▪️ နစက အစိုးရနှင့် TNLA တို့ တရုတ်နိုင်ငံ ယူနန်ပြည်နယ်၊ ကူမင်းမြို့တွင် တွေ့ဆုံမည်ဖြစ်သောကြောင့် ယနေ့ ဖေဖော်ဝါရီလ ၁၅ ရက်တွင် TNLA မှ ကိုယ်စားလှယ်များ ကူမင်းမြို့သို့ ရောက်ရှိနေကြပြီ ဖြစ်ကြောင်း သိရ သည်။

▪️ ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး-PSLF/TNLA ၏ ထုတ်ပြန်ချက်တွင် မနက်ဖြန် ဖေဖော်ဝါရီလ ၁၆ ရက်တွင် တွေ့ဆုံမည် ဖြစ်ကြောင်းနှင့် အဆိုပါ တွေ့ဆုံမှုအတွက် တရုတ်အစိုးရက စီစဉ်ပေးကြောင်း ဖော်ပြ ထားသည်။

▪️ နစက အစိုးရဘက်မှ MNDAA ကိုးကန့်အဖွဲ့ကို တွေ့ဆုံဆွေးနွေးခဲ့သူ ကစထ(၁) မှူးဖြစ်သည့် ဒုဗိုလ်ချုပ်ကြီး ကိုကိုဦးမှ ဦးဆောင်မည်ဖြစ်ကြောင်း သိရသည်ဟုလည်း အဆိုပါ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

▪️ ၎င်းတို့ PSLF ကိုယ်စားလှယ်အဖွဲ့အနေဖြင့် ဒုဗိုလ်ချုပ်ကြီး တားဂျုတ်ဂျားက ဦးဆောင်ပြီး၊ မဟာမိတ်ဆက်ဆံ ရေးဌာနမှူး ဗိုလ်မှူးကြီး တာမိုးဟိန်း အပါအဝင် ကိုယ်စားလှယ် ၉ ဦးတက်ရောက်မည်ဖြစ်ကြောင်း သိရသည်။

▪️ TNLA ၏ ထုတ်ပြန်ချက်တွင် နစက နှင့် တွေ့ဆုံမည့် ကိစ္စကို မြန်မာကိုယ်စားလှယ်များနှင့်တွေ့ဆုံမည်ဟု သုံးနှုန်းထားပြီး လက်ရှိစစ်ရေး ပြဿနာများပြေလည်နိုင်ရန် မနက်ဖြန် ဖေဖော်ဝါရီလ ၁၆ ရက် တွင် တွေ့ဆုံ မှုများစတင်မည်ဖြစ်ကြောင်း ဖော်ပြထားသည်။

▪️ တရုတ်အစိုးရ၏ ကြားဝင်ညှိနှိုင်းမှုဖြင့် နစက နှင့် MNDAA တို့ ပြီးခဲ့သည့် ဇန်နဝါရီအတွင်းက ဆွေးနွေး ညှိနှိုင်း မှုများ ပြုလုပ်ခဲ့သေးသည်။

Yangon_Times/PP