#Local_News
Published 11 November 2024

▪️ အာဆီယံအမျိုးသမီး ဖူဆယ်ချန်ပီယံရှစ် ပြိုင်ပွဲမတိုင်မီ ကြိုတင်ပြင်ဆင်သည့်အနေဖြင့် ခြေစမ်းပွဲကစားရန် ပဏာမမြန်မာ့လက်ရွေးစင် အမျိုးသမီးဖူဆယ်အသင်းသည် ထိုင်းနိုင်ငံသို့ ယနေ့မနက်ပိုင်းက ထွက်ခွာသွားကြောင်းသိရသည်။

▪️ ဖိလစ်ပိုင်နိုင်ငံတွင် နိုဝင်ဘာ ၁၆ရက်မှ ၂၁ ရက်အထိ အိမ်ရှင်အဖြစ် လက်ခံကျင်းပမည့် အာဆီယံအမျိုးသမီး ဖူဆယ်ချန်ပီယံရှစ် ပြိုင်ပွဲမတိုင်မီ ကြိုတင် ပြင်ဆင်သည့်အနေဖြင့် ပဏာမမြန်မာ့လက်ရွေးစင် အမျိုးသမီးဖူဆယ်အသင်းသည် ခြေစမ်းပွဲယှဥ်ပြိုင်ရန် ထိုင်းနိုင်ငံသို့ထွက်ခွာသွားခဲ့ပြီဖြစ်ပြီး အဆိုပါ ပဏာမ မြန်မာ့လက်ရွေးစင် အမျိုးသမီး ဖူဆယ်အသင်းကို နည်းပြချုပ်အဖြစ် ဦးဌေးမြင့်က ကိုင်တွယ်မည်ဖြစ်ပြီး ထိုင်းခြေစမ်းခရီးစဥ်သို့ ကစားသမား ၁၆ဦး လိုက်ပါသွားခဲ့ခြင်းဖြစ်‌ကြောင်း သိရသည်။

▪️ ယင်းအသင်းသည် ထိုင်းနိုင်ငံတွင် လေ့ကျင့်မှုများပြုလုပ်ပြီး ခြေစမ်းပွဲ ၁ ပွဲ ကစားပြီးနောက် နိုဝင်ဘာ ၁၄ရက်တွင် ပြိုင်ပွဲကျင်းပရာ ဖိလစ်ပိုင်နိုင်ငံသို့ သွားရောက်မည်ဖြစ် ကြောင်းသိရသည်။

▪️ မြန်မာ့လက်ရွေးစင် အမျိုးသမီး ဖူဆယ်အသင်းသည် ၂၀၂၄ အာဆီယံ အမျိုးသမီးဖူဆယ်ချန်ပီယံရှစ် ပြိုင်ပွဲအဖြစ် နိုဝင်ဘာ ၁၆ရက် မြန်မာစံတော်ချိန် ညနေ ၅နာရီ ၃၀ မိနစ်တွင် အိမ်ရှင်ဖိလစ်ပိုင်၊ နိုဝင်ဘာ ၁၇ရက် မြန်မာစံတော်ချိန်နေ့လယ် ၂နာရီ ၃၀မိနစ်တွင် ဗီယက်နမ်၊ နိုဝင်ဘာ ၁၈ ရက် မြန်မာစံတော်ချိန်  ညနေ ၅နာရီ ၃၀မိနစ်တွင် ထိုင်း၊ နိုဝင်ဘာ ၁၉ရက် နေ့လယ် ၂နာရီ ၃၀မိနစ်တွင် အင်ဒိုနီးရှားအသင်းတို့နှင့် ယှဉ်ပြိုင်ရမည်ဖြစ် ကြောင်း ၊ ပြိုင်ပွဲအား ၅သင်း အုပ်စုပတ်လည်စနစ်ဖြင့် ကစားသွားမည်ဖြစ်ပြီး အုပ်စု ပထမနှင့် ဒုတိယရအသင်းသည် ဗိုလ်လုပွဲအဖြစ် လည်းကောင်း၊ အုပ်စု တတိယနှင့် စတုတ္ထရအသင်းသည် တတိယလုပွဲအဖြစ်လည်းကောင်း ကစားသွားမည်ဖြစ်ကြောင်း၊ ဗိုလ်လုပွဲနှင့် တတိယလုပွဲကို နိုဝင်ဘာ ၂၁  ရက်တွင် ယှဥ်ပြိုင်သွားမည်ဖြစ် ကြောင်းသိရသည်။

#YMG/NN #Yangon_Times