#Local_News
Published 7 September 2024


▪️ “Blue Pansy”လိပ်ပြာပုံ ၂၀၀ ကျပ်တန် စာပို့တံဆိပ်ခေါင်းသစ် ရောင်းချပေးသွားမည်ဖြစ်ကြောင်း ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန မြန်မာ့စာတိုက်လုပ်ငန်းမှ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာနမှ သိရသည်။

 

▪️ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန မြန်မာ့စာတိုက်လုပ်ငန်းမှ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန၏  မြန်မာနိုင်ငံတွင် တွေ့ရှိရသော လိပ်ပြာမျိုးစိတ်အဖြစ် မှတ်တမ်းတင်သဘောထား မှတ်ချက်ပြုထားသည့်  “Blue Pansy” လိပ်ပြာပုံ ၂၀၀ ကျပ်တန် စာပို့တံဆိပ်ခေါင်းသစ်တစ်မျိုးအား ၂ဝ၂၄ ခုနှစ်၊ စက်တင်ဘာလ ၉ ရက်၊ မြန်မာသက္ကရာဇ် ၁၃၈၆ ခုနှစ်၊ တော်သလင်းလဆန်း ၇ ရက်(တနင်္လာနေ့) နံနက် ၉ နာရီခွဲမှ စတင်ပြီး နေပြည်တော်ဗဟိုစာတိုက်ကြီး၊ ရန်ကုန်စာတိုက်ကြီး၊ မန္တလေးစာတိုက်ကြီးတို့နှင့် တိုင်းဒေသကြီး/ ပြည်နယ်များရှိ စာတိုက်ကြီးများတွင် တစ်ပြိုင်တည်း ရောင်းချပေးသွားမည်ဖြစ်ကြောင်း သိရသည်။

 

▪️ ထို့အပြင် အထူးအစီအစဉ်တစ်ရပ်အနေဖြင့် နေပြည်တော်ဗဟိုစာတိုက်ကြီး၊ ရန်ကုန်စာတိုက်ကြီးနှင့် မန္တလေးစာတိုက် ကြီးတို့တွင် ၂ဝ၂၄ ခုနှစ်၊ စက်တင်ဘာလ ၉ ရက်တွင် ဝယ်ယူသော စာပို့တံဆိပ်ခေါင်းများပေါ်တွင် နေ့စွဲအမှတ်အသား တံဆိပ်ရိုက်နှိပ်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

 

#YMG/NN #Yangon_Times