#Local_News
Published 5 April 2025
▪️ ယနေ့ မေလ၅ရက် နံနက်စောပိုင်းက မန္တလေးတိုင်း၊ ပျော်ဘွယ်မြို့အနီး အင်အားရစ်ခ်တာစကေး ၄ ဒသမ ၅ အဆင့်ရှိ ငလျင်တစ်ခု လှုပ်ခတ်ခဲ့ကြောင်း မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနမှ ထုတ်ပြန်ထားသည်။
▪️ ထိုငလျင်သည် ပျော်ဘွယ်မြို့၏ အနောက်-အနောက်တောင်ဘက် မိုင် (၂၀) ခန့်အကွာ အနက် ၁၆ ကီလိုမီတာကိုဗဟိုပြု၍ ယနေ့နံနက် ၆ နာရီ၊ ၃ မိနစ်၊ ၁၄ စက္ကန့်တွင် လှုပ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
▪️ မန္တလေးမြေငလျင်ကြီးလှုပ်ခတ်ခဲ့ပြီးနောက် နောက်ဆက်တွဲမြေငလျင်များ ဆက်တိုက် လှုပ်ခတ်လျှက်ရှိရာ တစ်လကျော်အကြာထိ နောက်ဆက်တွဲငလျင်လှုပ်ခတ်မှု စုစုပေါင်း (၁၆၂) ကြိမ် ရှိပြီဖြစ်ကြောင်း သိရသည်။
#YMG/SW #Yangon_Times