#Local_News
Published 29 March 2025
▪️ ကယ်ဆယ်ရေးပစ္စည်းများနှင့်ဆေးဝါးများ သယ်ဆောင်ရန်အတွက် မြန်မာအမျိုးသားလေကြောင်း (MNA) မှ ပြည်တွင်း၊ ပြည်ပခရီးစဉ်များ အခမဲ့ ပျံသန်းပေးသွားမည်ဖြစ်ကြောင်း သိရသည်။
▪️ မြန်မာအမျိုးသားလေကြောင်း မှ မြေငလျင်သင့် ပြည်သူများ ထံသို့ ကယ်ဆယ်ရေး ပစ္စည်းများ နှင့်ဆေးဝါးများ အဆင်ပြေချောမွေ့စွာရောက်ရှိနိုင်စေရန်အတွက် ယခုကဲ့သို့ ဆောင်ရွက်ပေးခြင်းဖြစ်ကြောင်း သိရသည်။
▪️ ထို့ပြင်ယမန်နေ့က လှုပ်ခတ်ခဲ့သော မြေငလျင်သဘာဝဘေးအန္တရာယ်ကြောင့် မြန်မာအမျိုးသားလေကြောင်းမှ ဖျက်သိမ်းခဲ့ရသော ပြည်တွင်းခရီးစဉ်များအား ပုံမှန်အခြေအနေများ ပြန်လည်လည်ပတ်နိုင်သည့်အချိန်တွင် အစားထိုး ဝန်ဆောင်မှုများအား အချိန်နှင့် တပြေးညီ ပေးအပ်သွားမည်ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။
#YMG/SW #Yangon_Times