#Local_News
Published 22 February 2025

▪️ ဂျပန်နိုင်ငံသို့ သွားရောက်မည့် မြန်မာနိုင်ငံသားများဗီဇာလျှောက်ထားခြင်းအတွက်လတ်တလောတွင် အီးမေးလ်မှတဆင့်လက်ခံဆောင်ရွက်ပေးမည်ဖြစ်ကြောင်း မြန်မာနိုင်ငံဆိုင်ရာဂျပန်သံရုံးက သတင်းထုတ်ပြန်ထားသည်။

▪️ ဂျပန်ဗီဇာလျှောက်ထားခြင်းအတွက် ယခင်က အွန်လိုင်းဘိုကင်စနစ်ဖြင့် လျှောက်ထားစေခဲ့သော်လည်း ယခုအခါ အွန်လိုင်းဘိုကင်စနစ်သို့ ဝင်ရောက်ဘိုကင်ယူ၍မရသော အခြေအနေဖြစ်ပေါ်လျက်ရှိပြီး အဆင်မပြေမှုများ ဖြစ်ပွားစေသည့်အတွက် အနူးအညွန်တောင်းပန်အပ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

▪️ လတ်တလောအချိန်ကာလ အတွင်း ကြိုတင်ဘိုကင်ယူခြင်းများကို မြန်မာနိုင်ငံဆိုင်ရာ ဂျပန်သံရုံး၏ ကောင်စစ်ဌာနအီးမေးလ် (This email address is being protected from spambots. You need JavaScript enabled to view it.) တွင် လက်ခံဆောင်ရွက်ပေးမည်ဖြစ်ပြီးဗီဇာလျှောက်ထားမည့်သူများသည်
၁။ ဗီဇာလျှောက်ထားမည့်သူ၏ အမည် 

၂။ ဗီဇာလျှောက်ထားမည့်သူ၏ တယ်လီဖုန်းနံပါတ်

၃။ မြန်မာနိုင်ငံမှ ထွက်ခွာမည့်ရက်စွဲ 

၄။ COE (ကာလရှည်နေထိုင်ခွင့် လက်မှတ်/ Certificate of Eligibility) ရှိ/မရှိတို့ကို ဖော်ပြလျှောက်ထားရမည်ဖြစ်ကြောင်း သိရသည်။

▪️ အီးမေးလ်ပေးပို့သည့်ရက်မှ အချိန်တစ်ပတ်ကြာသည်အထိ သံရုံးမှ ပြန်စာမရရှိပါက အကြောင်းကြားနိုင်ပြီး အွန်လိုင်းဘိုကင်စနစ်ဖြင့် ကြိုတင်ဘိုကင်ရယူထားပြီးသူများ အီးမေးလ်ဖြင့် နောက်တစ်ကြိမ် ကြိုတင်ဘိုကင်ယူရန် မလိုအပ်ကြောင်း သိရသည်။

#YMG/SW #Yangon_Times