#Local_News
Published_20 Feb 2025


▪️ မန္တလေးတိုင်းအတွင်း ဒလန်ဟုစွပ်စွဲ၍လုပ်ကြံသတ်ဖြတ်ခဲ့သည့် MDY PDF များအား လက်နက်ခဲယမ်းများနှင့်အတူ ဖမ်းမိခဲ့ကြောင်း နစက သတင်းထုတ်ပြန်ရေးအဖွဲ့က သိရသည်။

▪️ ဇန်နဝါရီလ ၂၆ ရက်တွင် မန္တလေးတိုင်းဒေသကြီး၊ ချမ်းမြသာစည်မြို့နယ်၊ အောင်သာယာရပ် ကွက်၊ အိမ်အ မှတ် (၈၀)နေ ရာအိမ်မှူး ဦးဝင်းဦး သည် နေအိမ်အနီးရှိ “အောင်ကျော်စိုး” ကွမ်းယာဆိုင်ရှေ့၌ ထိုင်နေစဉ် (စိစစ်ဆဲ)ကျား ၂ ဦးမှ ဆိုင်ကယ် ၁ စီးဖြင့် ရောက်ရှိလာပြီး ပစ္စတိုဖြင့် ၂ ချက် ပစ်ခတ်ထွက်ပြေး သွားခဲ့သောကြောင့် ရာအိမ်မှူး ဦးဝင်းဦးသည် လည်ပင်းကျည်ဖောက်ဝင်ဒဏ်ရာဖြင့် သေဆုံးခဲ့သည့်ဖြစ်စဉ် ဖြစ်ပွားခဲ့သည်။

▪️ ယင်းလုပ်ကြံမှုတွင် ဖေဖော်ဝါရီလ ၂ ရက်နံနက်ပိုင်းတွင် ချမ်းမြသာစည်မြို့နယ်၊ ထွန်တုံးရပ်ကွက်၊ ၁၁၃ လမ်း၊ ၄၈ x ၄၉ လမ်းကြားတွင် တရားခံ နန်းဝင်းစိုး(ခ)နိုင်ဝင်းစိုး(၃၈)နှစ်နှင့် မင်းခန့် (ခ)ဂူးဂူး(၂၀)နှစ်တို့ ၂ ဦးအား နေအိမ်အတွင်းမှ ၉ မမကျည် ၁ တောင့်နှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်းသိရသည်။

▪️ ဖမ်းဆီးရမိတရားခံများ၏ ထွက်ဆိုချက်အရ ဆက်စပ်တရားခံဖြစ်သူ အောင်အောင် (ခ)အောင်လေး(၃၆)နှစ် အား လက်လုပ်ပစ္စတို ၄ လက်၊ ၉ မမကျည် ၁၇ တောင့်၊ MG1 ပလတ်စတစ် လက်ပစ်ဗုံး ၁၁ လုံး၊ 91 လက် ပစ်ဗုံး ၁ လုံး၊ တရုတ်လက်ပစ်ဗုံး ၁ လုံး တို့နှင့်အတူဖမ်းမိခဲ့ကြောင်း သိရသည်။

▪️ ဖမ်းဆီးရမိတရားခံများ၏ ထွက်ဆိုချက်အရ MDY PDF အကြမ်းဖက်အဖွဲ့ ဝင် မင်းသန့်ကျော် (ခ)ဝင်းထွန်း (ခ) ဖောင်းဒိုင်း၏ စေခိုင်းမှုဖြင့် မန္တလေးမြို့နှင့် စဉ့်ကိုင်မြို့ များအတွင်း အပြစ်မဲ့ပြည်သူ များအား ဒလန်ဟုစွပ်စွဲ၍ လုပ်ကြံသတ်ဖြတ်မှု ၉ ကြိမ်နှင့် ဖောက်ခွဲဖျက်ဆီးမှု ၂ ကြိမ် ကျူးလွန်ခဲ့ ကြောင်း သိရသည်။

▪️ ဖမ်းဆီးရမိတရားခံများ၏ ထွက်ဆိုချက်အရ ဖမ်းဆီးရန်ကျန်တရားခံ မင်းသန့်ကျော် (ခ)ဝင်းထွန်း(ခ)ဖောင်းဒိုင်း မှ လုပ်ကြံသတ်ဖြတ်မှုများနှင့် အကြမ်းဖက်လုပ်ငန်းများ ဆောင်ရွက်ရန် အတွက် Kpay မှတစ်ဆင့် လုပ်ကြံ သတ် ဖြတ်မှုနှင့် အကြမ်းဖက်မှု ၁ ကြိမ်လျှင် ငွေ ၁၀ သိန်းကျပ် ထောက်ပံ့ပေးခဲ့ကြောင်း၊ ရရှိသောငွေကြေး များအား နန်းဝင်းစိုး(ခ)နိုင်ဝင်းစိုး၊ အောင်အောင်(ခ) အောင်လေး နှင့် ဇော်ဇော်ထွန်း(ခ)ဇော်သက်(ခ)ဖက်တီး တို့မှ တစ်ဦးလျှင် ၃ သိန်းကျပ်၊ အခြေအနေ ကြည့်ရှုပေးသူများအား ၁ သိန်းကျပ်ဖြင့် ပြန်လည်ခွဲဝေပေးကြောင်း ဖော်ထုတ်သိရသည်။

▪️ သို့ဖြစ်ပါ၍ ဖမ်းဆီးရမိတရားခံများအား ဥပဒေအရ ၎င်းတို့ကျူးလွန်ခဲ့သော ပြစ်မှုများ အတိုင်း ထိရောက်စွာအရေးယူနိုင်ရေး ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

#Yangon_Times/PP