#Local_News
Published 12 February 2025

▪️ ရွှေတိဂုံစေတီတော်ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့မှ ကြီးမှူးကျင်းပသည့် (၁၇)ကြိမ်မြောက် မြန်မာ့ရိုးရာထမနဲထိုးပြိုင်ပွဲတွင်အသင်းပေါင်း၃၂သင်းဝင်ရောက်ယှဉ်ပြိုင် ခဲ့ရာလုပ်ငန်းမြို့ပြဌာနမှ  ပထမဆုကို ဆွတ်ခူးရရှိခဲ့ကြောင်း သိရသည်။

▪️ အဆိုပါ မြန်မာ့ရိုးရာထမနဲထိုးပြိုင်ပွဲအခမ်းအနားကို ဖေဖော်ဝါရီ ၁၁ ရက်၊ ညနေ ၄ နာရီအချိန်က ရွှေတိဂုံစေတီတော်အရှေ့ဘက်အောက်ပစ္စယာရှိ ထန်းပင်ကုန်းကွင်း၌ ကျင်းပခဲ့ခြင်းဖြစ်ပြီး အခမ်းအနားသို့ ရန်ကုန်တိုင်းဒေသကြီး၀န်ကြီးချုပ် ဦးစိုးသိန်း တက်ရောက်ခဲ့ကြောင်း သိရသည်။

▪️ ယင်းပြိုင်ပွဲတွင် ပထမဆုရရှိသည့် လုပ်ငန်းမြို့ပြဌာနကို ကျပ် (၁၀)သိန်း၊ ဒုတိယဆုရရှိသည့် ဓါတ်ပုံကန်ထရိုက်လုပ်ငန်းအဖွဲ့ကို ကျပ်(၇)သိန်း၊ တတိယဆုရရှိသည့် ဝန်ထမ်းရေးရာနှင့်မှတ်တမ်းဌာနကို ကျပ်(၆)သိန်း၊ စတုတ္တဆုရရှိသည့် မေတ္တာပါရမီအသင်းကို ကျပ်(၅)သိန်း၊ ပဥ္စမဆုရရှိသည့် အထက်ပစ္စယံအသင်းကို ကျပ်(၄)သိန်းအပြင် နှစ်သိမ့်ဆုရရှိကြသည့် ပေါင်းမြက်သန့်ရှင်းရေးအသင်း၊ ပြတိုက်ပြခန်းဌာန၊ ဥပဒေရုံးများဆိုင်ရာဝတ်အသင်းနှင့် စီမံအုပ်ချုပ်ရေးဌာနတို့ကို ကျပ်(၃)သိန်းစီ အသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။ 

▪️ ထို့အပြင် ပြိုင်ပွဲမှရရှိလာသည့်ထမနဲများကို ယနေ့ ဖေဖော်ဝါရီ ၁၂ ရက် (တပို့တွဲလပြည့်နေ့)တွင် မြတ်စွာဘုရားနှင့်သံဃာတော်များအားအရုဏ်ဆွမ်းဆက်ကပ်ပြီး၊ ဘုရားအမှူးပြုသောသံဃာတော် ၆၄ ပါးအား ထမနဲဆွမ်းတော်ကြီးလောင်းလှူခြင်း၊အလှူရှင်များအားဒါနပြုခြင်းနှင့်ခုနစ်ရက်သားသမီးများအားဝေငှကုသိုလ်ပြုခြင်းတို့ပြုလုပ်ခဲ့ကြောင်း သိရသည်။

#YMG/NN #Yangon_Times