#Local_News
Published 11 March 2025

▪️ ယခုမတ်လ (၂၀)ရက်မှစတင်၍ ပြည်ပအလုပ်အကိုင်အလုပ်သမားသက်သေခံကတ် (OWIC) ကတ်ကို ပြန်လည်ထုတ်ပေးမည်ဖြစ်ကြောင်း အလုပ်သမားဝန်ကြီးဌာနမှ အသိပေးထုတ်ပြန်ထားသည်။

▪️ အလုပ်သမားဝန်ကြီးဌာနအနေဖြင့် ယခုကာလအတွင်း ပြ ည်ပနိုင်ငံများသို့ အလုပ်လုပ်ရန် ထွက်ခွာမည့်သူများစာရင်းစိစစ်ခြင်း၊ OWIC ကတ်ထုတ်ပေးသော စက်များ၌ တပ်ဆင်ထားသည့် Software များပြုပြင်ခြင်း၊ OWIC ကတ် ထုတ် ပေးရေးစင်တာများ တစ်နေရာတည်းပေါင်းစည်းခြင်း၊ အလုပ်ရှင်/ အလုပ်သမားစာချုပ်ချုပ်ဆိုသည့်နေရာများ တစ်စုတစည်းတည်းဖြစ်အောင် ပြင်ဆင်ခြင်းစသည့်လုပ်ငန်းများ ဆောင်ရွက်လျက်ရှိသောကြောင့် OWIC ကတ်ထုတ်ပေးရေးလုပ်ငန်းစဉ်ကို ခေတ္တရပ်ဆိုင်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

▪️ ထို့ကြောင့်  OWIC ကတ်အသစ် ပြုလုပ်လိုသူများအား မတ်လ (၂၀)ရက် နေ့မှစတင်၍ အလုပ်သမားဝန်ကြီးဌာနသို့ တင်ပြထားသည့်အတည်ပြုပြီး အလုပ်ခေါ်စာများ (တင်ပြရက်စွဲအစဉ်အလိုက်)အရ ပြည်ပသို့ သွားရောက်အလုပ်လုပ်ကိုင်ရန်အတွက် ခွင့်ပြုချက်ရရှိပြီးသူများအားလည်းကောင်း၊ မိမိအစီအစဉ်(ကျွမ်းကျင်)ဖြင့် သွားရောက်မည့်သူများအားလည်းကောင်း စိစစ်ပြီး OWIC ကတ်ပြန်လည်ထုတ်ပေးမည်ဖြစ်ကြောင်း သိရသည်။

▪️ ထို့ပြင် OWIC ကတ်ထုတ်ယူရရှိမှသာ လေယာဉ်လက်မှတ်ဝယ်ယူခြင်းကို ဆောင်ရွက်ကြရန်လိုအပ်ကြောင်းလည်း ထုတ်ပြန်ချက်တွင် အသိပေးဖော်ပြထားကြောင်း သိရသည်။

#YMG/NN #Yangon_Times