#Local_News
Published 9 April 2025

▪️ မြန်မာနိုင်ငံရှိ ငလျင်ဘေးသင့်ဒေသများမှ ကျောင်းသားများအတွက် တောင်ကိုရီးယားအခြေစိုက် ဟန်ဆန်းတက္ကသိုလ် (Hansung University)က ပညာသင်ဆုများပေးအပ်သွားမည်ဖြစ်ကြောင်း သိရသည်။

▪️ ထိုသို့ပေးအပ်ရာတွင် ငလျင်ဒဏ်သင့်နေရာများရှိ ပညာထူးချွန်ကျောင်းသားများ၊ ငလျင်ဒဏ်ကြောင့် မိသားစုအခြေအနေ အခက်အခဲဖြစ်သွားခဲ့ရသော ထူးချွန်ကျောင်းသားများ၊ ငလျင်ကြောင့် ဘဝရပ်တည်ရေးခက်ခဲသွားသော ထူးချွန်ကျောင်းသားများကို ပေးအပ်မည်ဖြစ်ပြီးအချက်အလက်များနှင့်ကိုက်ညီသောကျောင်းသားများသည်၎င်းတို့ကြုံတွေ့ခဲ့ရသည့်သဘာဝဘေးအန္တရာယ်ဆိုင်ရာ ပျက်စီးဆုံးရှုံးမှုများနှင့်ကြုံဆုံရင်ဆိုင်ခဲ့ရမှုများ၊ သဘာဝဘေးအန္တရာယ်ကြောင့် ဘဝအခက်အခဲ ကြုံတွေ့ရမှုများနှင့် ပညာဆက်လက်သင်ကြားရန်အတွက် မည်သို့အခက်ကြုံနေရပုံများ၊ သဘာဝဘေးအန္တရာယ်ဆိုင်ရာ ပျက်စီးဆုံးရှုံးမှုများနှင့် အမှန်တကယ်ရင်ဆိုင်ခဲ့ရသော မိသားစုဖြစ်ကြောင်းများကို အတည်ပြုစာရွက်စာတမ်းများဖြင့် ဧပြီလ ၁၀ ရက်မှ မေလ ၉ ရက်အတွင်း ပညာသင်ဆုလျှောက်ထားနိုင်ကြောင်း သိရသည်။

▪️ ကျောင်းသားများ၏ တင်ပြသည့်အချက်အလက်မျာအပေါ်တွင်မူတည်၍ ဟန်ဆန်းတက္ကသိုလ်(Hansung University)ဘက်က ပညာသင်ဆု ပေးအပ်သင့်၊ မသင့်ကို အကဲဖြတ်ကာ ဆုံးဖြတ်ချက်ချမှတ်ပေးသွားမည်ဖြစ်ပြီးအသေးစိတ်အချက်အလက်များကို တက္ကသိုလ်ဝက်ဘ်ဆိုက်တွင် ထုတ်ပြန်ကြေညာပေးသွားမည်ဖြစ်ကြောင်း သိရသည်။

#YMG/SW #Yangon_Times