#Local_News
Published 7 September 2024

▪️ မြန်မာနိုင်ငံတော်ဗဟိုဘဏ်က ယခုစက်တင်ဘာလသုံးရက်တာအတွင်း  ကန်ဒေါ်လာ ၁၂ ဒသမ ၅ သန်း နှင့်ထိုင်းဘတ်သန်း ၈၀ကိုထုတ်ရောင်းပေးခဲ့ကြောင်း သိရသည်။

 

▪️ ဗဟိုဘဏ်သည်  သုံးရက်တာအတွင်း Online Trading Platform မှ တစ်ဆင့် ရောင်းချပေးခဲ့ခြင်းဖြစ်သည်။

 

▪️ ထိုသို့ရောင်းချပေးရာတွင်  စက်တင်ဘာလ ၄ ရက်နေ့တွင်  အမေရိကန်ဒေါ်လာ ၁၂ ဒသမ ၄ သန်းကျော်၊ စက်တင်ဘာလ ၅ ရက်တွင်  အမေရိကန်ဒေါ်လာ ၉၀၀၀၀ နှင့်  စက်တင်ဘာလ ၆ ရက်နေ့တွင်  အမေရိကန်ဒေါ်လာ ၁သိန်းရောင်းချခဲ့ကြောင်း သိရသည်။

 

▪️ ထို့အပြင် စက်တင်ဘာလ ၄ ရက်နေ့၌  ထိုင်းဘတ်သန်း ၈၀ ကိုလည်း ဗဟိုဘဏ်မှ  ရောင်းချပေးခဲ့ကြောင်း သိရသည်။

 

▪️ အဆိုပါ နိုင်ငံခြားငွေများကို ဗဟိုဘဏ်၊ AD လိုင်စင်ရ ဘဏ်များနှင့်  ပို့ကုန်သွင်းကုန် လုပ်ငန်းရှင်များ ပါဝင်သည့်  FX Market Online Trading Platform များမှ တစ်ဆင့် ရောင်းချပေးခဲ့ခြင်း ဖြစ်ကြောင်း၊ ယင်းနိုင်ငံခြားငွေများအား   အမေရိကန်တစ်ဒေါ်လာလျှင်ဘ ကျပ် ၃၅၀၀ ကျော် ဝန်းကျင်ဖြင့် ရောင်းချပေးခဲ့ခြင်းဖြစ်‌ကြောင်း သိရသည်။

 

#YMG/NN #Yangon_Times