#Local_News
Published 7 March 2025
▪️ မြန်မာမြောက်ပိုင်းနှင့်တောင်ပိုင်းဒေသများဖြစ်သည့် တနင်္သာရီတိုင်းဒေသကြီးနှင့် ကချင်ပြည်နယ်၌ အချိန်အခါမဟုတ်မိုးရွာနိုင်ကြောင်း မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၏ ယနေ့မနက်(၇:၀၀)နာရီအချိန် ထုတ်ပြန်ချက်အရ သိရသည်။
▪️ အဆိုပါ ထုတ်ပြန်ချက်၌ ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းတို့တွင် တိမ်အသင့်အတင့်မှ တိမ်ထူထပ်နေပြီး၊ ကျန်ဘင်္ဂလားပင်လယ်အော်တွင် တိမ်အနည်းငယ် ဖြစ်ထွန်းမည်ဖြစ်ကြောင်း သိရသည်။
▪️ ယနေ့ညနေအထိခန့်မှန်းချက်အရ တနင်္သာရီတိုင်းဒေသကြီးနှင့် ကချင်ပြည်နယ်တို့တွင် နေရာကွက်ကျား မိုးအနည်းငယ် ရွာနိုင်ပြီး ရွာရန်ရာနှုန်း ၆၀ ဖြစ်ကြောင်း သိရသည်။
▪️ ထို့အပြင် စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် တိမ်အသင့်အတင့် ဖြစ်ထွန်းပြီး၊ ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်တို့တွင်အများအားဖြင့် သာယာမည်ဖြစ်ကြောင်း သိရသည်။
#YMG/NN #Yangon_Times