#Local_News
Published 18 September 2024


▪️ နော်ဝေးနိုင်ငံမှ ရေဘေးကယ်ဆယ်ရေးလုပ်ငန်းများအမြန်ဆုံးဆောင်ရွက်ရန်အတွက် ကန်ဒေါ်လာ (၅၀၀,၀၀၀)ကိုကနဦး အနေဖြင့်ထောက်ပံ့ခဲ့ကြောင်း မြန်မာနိုင်ငံဆိုင်ရာနော်ဝေး သံရုံး၏ထုတ်ပြန်ချက်အရ သိရသည်။

 

▪️ နော်ဝေးနိုင်ငံသည် UNOPS ၏ ဘက်စုံရန်ပုံငွေယန္တရားအလှူရှင်များနှင့် ပူးပေါင်းကာ မြန်မာနိုင်ငံရှိရေဘေးသင့်ရပ်ရွာများ၌ ကယ်ဆယ်ရေးလုပ်ငန်းများ အမြန်ဆုံးဆောင်ရွက်နိုင်ရန် အတွက် လှူဒါန်းခြင်းဖြစ်သည်ဟု ဆိုသည်။

 

▪️ အခုထောက်ပံ့မှုတွင် အမိုးအကာ၊ အစားအစာ၊ ရေသန့်၊ အခြေခံဆေးဝါးများနှင့် အရေးပေါ် ကယ်ဆယ်ရေးပစ္စည်းများပါဝင်ပြီး နော်ဝေးကြက်ခြေနီအသင်းနှင့် မိတ်ဖက်အဖွဲ့အစည်းများသည် မြန်မာနိုင်ငံကြက်ခြေနီအသင်းမှတစ်ဆင့် အသုံးအဆောင်ပစ္စည်းများ ကျန်းမာရေးအတွက် ငွေသားနှင့် အစားအသောက်ပါဆယ်ထုပ်များကို ဖြန့်ဝေပေးလျက်ရှိသည်ဟုဖော်ပြထားသည်။

 

▪️ နော်ဝေးနိုင်ငံသည် မိတ်ဖက်အဖွဲ့အစည်းများနှင့်ပူးပေါင်းကာ ရေဘေးသင့်ပြည်သူများ၏ လိုအပ်ချက်များကို ဆန်းစစ်ကာ အကူအညီများ အမြန်ဆုံးရောက်ရှိရေး လုပ်ဆောင်လျက်ရှိ ကြောင်း၊

 

▪️ မြန်မာနိုင်ငံတွင် လတ်တလောကြုံတွေ့နေရသော ရေကြီးရေလျှံမှုများကြောင့် နေအိမ်များ၊ သက်မွေးဝမ်းကြောင်းလုပ်ငန်းများနှင့် ချစ်ခင်ရသူများအပါအဝင် ပျက်ဆီးဆုံးရှုးမှုများအတွက် လွန်စွာဝမ်းနည်းကြေကွဲရပြီး ရေဘေးသင့်ပြည်သူများနှင့်အတူ ရပ်တည်လျက်ရှိကြောင်း၊ ဤအဖြစ်ဆိုးကြောင့် ထိခိုက်ခံစားရသူများအားလုံးအတွက် စာနာဆုတောင်းပေးလျက်ရှိကြောင်း လည်းထုတ်ပြန်ချက်၌ဖော်ပြပါရှိသည်။



▪️ နော်ဝေးနိုင်ငံ၏ထောက်ပံ့မှုများအပြင် အမေရိကန်ပြည်ထောင်စု(USA)ကလည်း ရှေ့လာမည့် ရက်များအတွင်း တိုင်ဖွန်းယာဂီ၏ အကျိုးသက်ရောက်မှုဒဏ်ခံရသူများကို ဆက်လက်အကူအညီပေးအပ်သွားမည်ဖြစ်ကြောင်း၊

 

▪️ တိုင်ဖွန်းယာဂီကြောင့် ပြင်းထန်သော ရေကြီးမှုနှင့် ထိခိုက်ပျက်စီးမှုများ၏ နောက်ဆက်တွဲအဖြစ် မြန်မာနိုင်ငံတဝန်းတွင် ယင်း၏အကျိုးသက်ရောက်မှုခံရသူများနှင့် ထိခိုက်လွယ်လူ့အသိုက် အဝန်းများအတွက် အရေးပေါ် လူသားချင်းစာနာမှုဆိုင်ရာအကူအညီများကို အမေရိကန်နိုင်ငံ တကာ ဖွံ့ဖြိုးရေးအေဂျင်စီ (USAID) မှတစ်ဆင့် ဆက်လက်ပေးအပ်နိုင်ရန် အမေရိကန်ပြည် ထောင်စုက ဆောင်ရွက်လျက်ရှိကြောင်း ထုတ်ပြန်ထားသည်။

 

#YMG/tthl #Yangon_Times