#Local_News
Published 18 March 2025

▪️ ဂျပန်နိုင်ငံရှိကုမ္ပဏီပေါင်း ၄၀၀ကျော်က မြန်မာလုပ်သား၁၄၀၀ခန့် ခေါ်ယူသွားရန်ရှိကြောင်း တိုကျိုမြို့ရှိ မြန်မာသံရုံးက ယမန်နေ့က ထုတ်ပြန်ထားသည်။

▪️ တိုကျိုမြို့ရှိ မြန်မာသံရုံးအနေဖြင့် နိုင်ငံခြားရေးဝန်ကြီးဌာနမှတစ်ဆင့် အလုပ်သမားဝန်ကြီးဌာနက ပေးပို့လာသည့်အလုပ်ကမ်းလှမ်းစာများကို စိစစ်ဆောင်ရွက်ပေးလျှက်ရှိပြီးထိုသို့ဆောင်ရွက်ရာတွင်ဂျပန်နိုင်ငံ အလုပ်သမားကြီးကြပ်ရေးကုမ္ပဏီနှင့်အလုပ်ခေါ်ယူသည့် စက်ရုံ၊ ကုမ္ပဏီများသည်ဂျပန်နိုင်ငံ၌တရား ဝင် တည်ထောင်ထားတာရှိမရှိနှင့်စာရွက်စာတမ်းအထောက်အထားများ စိစစ်ကာ တွေ့ရှိရသည့် စိစစ်တွေ့ရှိချက်များ၊ သဘောထားမှတ်ချက်များကို နိုင်ငံခြားရေးဝန်ကြီးဌာနမှတစ်ဆင့် အလုပ်သမားဝန်ကြီးဌာနကို ပြန်လည် ပေးပို့လျှက်ရှိကြောင်း သိရသည်။

▪️ လက်ရှိအသုတ်ခေါ်ယူရာတွင် မြန်မာ အလုပ်သမား အမျိုးသား ၃၅၁ ဦး၊ အမျိုးသမီး ၁၀၁၂ ဦး စုစုပေါင်း ၁၃၆၃ဦးကို ခေါ်ယူသွားမည်ဖြစ်ကြောင်းသိရသည်။

#YMG/SW #Yangon_Times