#Local_News
Published 18 February 2025
▪️ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနအနေဖြင့် ခရီးသွားမြှင့်တင်ရေးလုပ်ငန်းများဆောင်ရွက်ရန် နည်းပညာဆိုင်ရာ လုပ်ငန်းများအတွက် အိတ်ဖွင့်တင်ဒါခေါ်ယူနေကြောင်း သိရသည်။
▪️ ထိုသို့ခေါ်ယူရာတွင် ခရီးသွားမြှင့်တင်ရေး လုပ်ငန်းများဆောင်ရွက်ရန် Online Application များ၊ Dynamic QR Code စနစ်နှင့် ဝဘ်ဆိုဒ်လုံခြုံရေး၊ ပြုပြင်ထိန်းသိမ်းမှုနှင့် CMS အပ်ဒိတ်များပြုလုပ်ရန် လိုအပ်သော နည်းပညာဆိုင်ရာလုပ်ငန်းများအတွက် အိတ်ဖွင့်တင်ဒါများ ခေါ်ယူလျှက်ရှိခြင်းဖြစ်သည်။
▪️ အဆိုပါ တင်ဒါ ခေါ်ယူရာတွင် Lot (၃) ခုကို လုပ်ငန်းအပ်နှံဆောင်ရွက်သွားမည်ဖြစ်ရာ စိတ်ပါဝင်စားသည့် ပြည်တွင်း နည်းပညာကျွမ်းကျင်ကုမ္ပဏီများအနေဖြင့် တင်သွင်းလိုသည့် Lot No. အလိုက် သတ်မှတ်စည်းကမ်းချက်များနှင့်အညီ အိတ်ဖွင့် တင်ဒါများ တင်သွင်းနိုင်ရန် ဖိတ်ခေါ်ထားခြင်းဖြစ်သည်။
▪️ ထို့အပြင် တင်ဒါပုံစံများကို ဖေဖော်ဝါရီ ၁၇ ရက်မှ စတင်ရယူနိုင်မည်ဖြစ်ပြီး ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန၊ ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာန ခရီးသွားမြှင့်တင်ရေးဌာနခွဲ (Digital Marketing) ရုံးအမှတ် (၃၃)၊ နေပြည်တော်၊ တင်ဒါမှတ်ပုံတင်ကြေး ကျပ်-၁၀,၀၀၀/-(တင်ဒါမှတ်ပုံတင်ကြေးကို Lot (၁) ခုချင်းစီ အလိုက် (၁) စောင်ချင်းစီ တင်သွင်းရမည်။) ဖြစ်ကြောင်း သိရသည်။
▪️ တင်ဒါလျှောက်လွှာကို မတ်လ ၄ ရက်၊ မွန်းတည့် ၁၂ နာရီအချိန်တွင် ပိတ်သိမ်း၍ မတ်လ ၅ ရက်၊ နေ့လည် ၂ နာရီအချိန်တွင် ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန၊ ရုံးအမှတ် (၃၃)၌ တင်ဒါဖွင့်ဖောက်စိစစ်မည်ဖြစ်ကာ အသေးစိတ်သိရှိလိုပါက ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန၊ ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာန၊ ခရီးသွားမြှင့်တင်ရေးဌာနခွဲသို့ဆက်သွယ်စုံစမ်းနိုင်ကြောင်းသိရသည်။
#YMG/NN #Yangon_Times