#Local_News
Published 15 February 2025

▪️ ရုရှားရင်းနှီးမြှုပ်နှံမှု RC Investment ၏  သဘာဝဓာတ်မြေသြဇာ ရွက်ဖျန်းအားဆေးရည်ထုတ် စက်ရုံစီမံကိန်းအတွက် မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင် (MIC) မှ ခွင့်ပြုချက် ထုတ်ပေးလိုက်ကြောင်း သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာနမှ သိရသည်။

▪️ အဆိုပါစီမံကိန်းသည် ရုရှားနိုင်ငံသား ရင်းနှီးမြှုပ်နှံသူ၏ တင်ဒါဖြစ်ပြီး MICမှ မကြာသေးမီက ချထားပေးခြင်းဖြစ်ကြောင်း သိရသည်။

▪️ ထို့အပြင်  RC Investment ၏ နေပြည်တော်စီမံကိန်းသည်  အသေးစား ရှေ့ပြေးအစီအစဉ်ဖြစ်ပြီး ရေရှည်မျှော်မှန်းချက်အရ မန္တလေးတိုင်း၊ ဧရာဝတီတိုင်းနှင့်  ပဲခူးတိုင်းဒေသကြီးတို့တွင်  ရွက်ဖျန်းအားဆေးရည်စက်ရုံများ တည်ဆောက်သွားရန် ရှိကြောင်း၊ ယခုလုပ်ဆောင်မည့် စက်ရုံမှ ထွက်ရှိမည့် သဘာဝရွက်ဖျန်းအားဆေးရည် အသုံးပြုမှုကြောင့် ဓာတုဓာတ်မြေသြဇာသုံးစွဲမှု (၃၀) ရာခိုင်နှုန်းအထိ လျှော့ချနိုင်ရန် ရည်ရွယ်ထားကြောင်း သိရသည်။

#YMG/NN #Yangon_Times