#Local_News
Published 12 April 2025
▪️ မန္တလေးငလျင်ကြောင့် ထိခိုက်ခဲ့ရသည့် Great Wall Hotel အဆောက်အအုံအားရှင်းလင်းပြီးနောက် MAB Bank ATM စက်နှင့် ငွေသားများအား လွှဲပြောင်းပေးအပ်ခဲ့ကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့မှ သိရသည်။
▪️ အင်အားပြင်းငလျင်လှုပ်ခတ်မှုကြောင့် မန္တလေးတိုင်းဒေသကြီး၊ မန္တလေးမြို့၊ Great Wall Hotel အဆောက်အအုံပြိုကျမှုတွင် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့မှ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများနှင့် ရှင်းလင်းရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိရာမှ ရှာဖွေတွေ့ရှိခဲ့ခြင်းဖြစ်သည်။
▪️ အဆိုပါ ရှာဖွေတွေ့ရှိခဲ့သော MAB Bank ATM စက်နှင့် ငွေသားများအား MAB Bank မှ တာဝန်ရှိသူများထံသို့ လွှဲပြောင်းပေးအပ်ခဲ့ခြင်းဖြစ်ကြောင်းသိရသည်။
#YMG/NN #Yangon_Times