#Local_News
Published 11 February 2025
▪️ မန္တလေးမြို့၊ ချမ်းအေးသာစံမြိုနယ်ရှိ မြင်းဝန်း ရတနာဝင်း (ဒေါ်မမကြီးဝင်း ) ၌ မီးလောင်မှုတစ်ခု ယနေ့ ဖြစ်ပွားခဲ့ကြောင်း မန္တလေးတိုင်းဒေသကြီး မီးသတ်တပ်ဖွဲ့မှ သိရသည်။
▪️ ဖြစ်စဉ်မှာ ဖေဖော်ဝါရီ ၁၁ ရက်နေ့၊ မနက်၁၁ နာရီခွဲ အချိန်၊ မန္တလေးတိုင်းဒေသကြီး၊ ချမ်းအေးသာစံမြိုနယ်၊ ၂၈ လမ်း၊ ၈၁ လမ်းx ၈၂ လမ်းကြား ၊မြင်းဝန်း ရတနာဝင်း ( ဒေါ်မမကြီးဝင်း )တွင် မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။
▪️ အဆိုပါ သတင်းရရှိသဖြင့် ချမ်းအေးသာစံမြို့နယ်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်များ ထွက်ခွာငြိမ်းသတ်ခဲ့ရာ ၁၁နာရီ ၃၅မိနစ် အချိန်၌ မီးငြိမ်းခဲ့ကြောင်း သိရသည်။
▪️ မီးလောင်မှုဖြစ်စဉ်နှင့်ပျက်စီးဆုံးရှုံးမှုတန်ဖိုးများကို ဆက်လက်စုံစမ်းလျှက်ရှိကြောင်း သိရသည်။
#YMG/NN #Yangon_Times