#Local_News
Published 8 November 2024

▪️ ထိုင်းနိုင်ငံအတွင်း သက်တမ်းကျော်လွန်နေထိုင်သည့် မြန်မာနိုင်ငံသားများအား ဒဏ်ကြေးငွေအပြင် ထိုင်းနိုင်ငံတွင်းဝင်ရောက်ခွင့်ပိတ်ပင်သွားမည်ဖြစ်ကြောင်း ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံရုံးက ယနေ့ နိုဝင်ဘာလ ၈ ရက်တွင် ထုတ်ပြန်လိုက်သည်။

▪️ ထိုင်းတော်ဝင်ရဲတပ်ဖွဲ့၊ လူဝင်မှုကြီးကြပ်ရေးဗျူရိုအနေဖြင့် လူဝင်မှုကြီးကြပ်ရေး အက်ဥပဒေ (B.E.2522) နှင့်အညီ နေထိုင်ခွင့်သက်တမ်းတိုးခြင်းဆိုင်ရာကိစ္စရပ်များကိုအထူးအလေးထား အရေးယူဆောင်ရွက်လျက်ရှိရာ ယင်းကဲ့သို့ ချမှတ်ထားသည့် စည်းမျဉ်းစည်းကမ်းများနှင့်အညီ လိုက်နာခြင်း မရှိ(မရှိ)ဘဲ ထိုင်းနိုင်ငံအတွင်း သက်တမ်းကျော်လွန်နေထိုင်သူများအား လူဝင်မှု ကြီးကြပ်ရေးဗျူရိုအနေဖြင့် သတ်မှတ်ချက်အတိုင်း အရေးယူမည် ဖြစ်ကြောင်းအဆိုပါ ထုတ်ပြန်ချက်တွင် ပါရှိသည်။

▪️ အရေးယူဆောင်ရွက်ရာတွင် ထိုင်းနိုင်ငံအတွင်း သက်တမ်းလွန်နေထိုင်သူများ (မည်သည့်အထောက်အထား ကိုင်ဆောင်လက်မှတ်ကိုင်ဆောင်သူမဆို)အနေဖြင့် တစ်ရက်လျှင် ဘတ် ၅၀၀/- နှုန်းဖြင့် စုစုပေါင်း ၂၀,၀၀၀/- ထက်မပိုသော ဒဏ်ကြေးငွေအား လူဝင်မှုကြီးကြပ်ရေးဗျူရိုတွင် ချွင်းချက်မရှိ ပေးဆောင်ရမည်ဖြစ်ကြောင်း သိရသည်။

▪️ ယင်းအပြင် သက်တမ်းလွန်နေထိုင်သူများအနေဖြင့် ၎င်းတို့ နေထိုင်ခဲ့သည့် သက်တမ်းလွန်ကာလအလိုက် ထိုင်းနိုင်ငံအတွင်းသို့ ပြန်လည်ဝင်ရောက်ခွင့်ကို ပိတ်ပင်သွားမည်ဖြစ်ကြောင်းလည်း သိရသည်။

▪️ ပိတ်ပင်မှုပြုလုပ်ရာတွင်(၁)ရက်ပေါင်း(၉၀)နှင့်အထက် သက်တမ်းလွန်နေထိုင်ခဲ့ပါကထိုင်းနိုင်ငံသို့ ပြန် လည် ဝင်ရောက်ခွင့် (၁) နှစ်၊ (၂) (၁)နှစ်နှင့်အထက် သက်တမ်းလွန်နေထိုင်ခဲ့ပါက ထိုင်းနိုင်ငံသို့ ပြန်လည် ဝင်ရောက် ခွင့် (၃)နှစ်၊ (၃) (၃) နှစ်နှင့်အထက် သက်တမ်းလွန်နေထိုင်ခဲ့ပါက ထိုင်းနိုင်ငံသို့ ပြန်လည် ဝင်ရောက် ခွင့် (၅) နှစ်၊ (၄) (၅) နှစ်နှင့်အထက် သက်တမ်းလွန်နေထိုင်ခဲ့ပါက ထိုင်းနိုင်ငံသို့ ပြန်လည် ဝင်ရောက်ခွင့် (၁၀) နှစ် စ သည်ဖြင့် လုပ်ဆောင်သွားမည် ဖြစ်ကြောင်း သိရသည်။

▪️ ယင်းကြောင့် ထိုင်းနိုင်ငံတွင် အကြောင်းအမျိုးမျိုးဖြင့် ရောက်ရှိနေကြသည့် မြန်မာနိုင်ငံသားများအနေဖြင့် ထိုင်းလူဝင်မှုကြီးကြပ်ရေးဗျူရိုမှ ချမှတ်ထားသည့် စည်းမျဉ်းစည်းကမ်းများကို သတိပြုလိုက်နာခြင်းဖြင့် ထိုင်းနိုင်ငံအတွင်း သက်တမ်းကျော်လွန်နေထိုင်ခြင်း၊ ဒဏ်ကြေးပေးဆောင်ရခြင်းနှင့် ပြည်ဝင်ခွင့် ပိတ်ပင်ခံ ရခြင်းတို့ မဖြစ်ပွားစေရေး သတိပြုနိုင်ကြရန် ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံရုံးက နှိုးဆော်ထားကြောင်း သိရသည်။

#Yangon_Times/PP