#Local_News
Published-29 March 2025

▪️ မြန်မာ့ငလျင်ဘေးအတွက် အိန္ဒိယအကူအညီများ ယနေ့နံနက်က ရောက်ရှိခဲ့ကြောင်း သိရသည်။

▪️ ယင်းအကူအညီမှာ ငလျင်လှုပ်ပြီး (၂၁) နာရီအကြာတွင် ရောက်ရှိလာသည့် အိန္ဒိယလေတပ်၏ ပထမအကြိမ်လေယာဉ်ဖြစ်ကြောင်း၊ မြန်မာငလျင်အတွက် အကူအညီပစ္စည်းများ တင်ဆောင်ပြီး ရန်ကုန်လေဆိပ်သို့ ယနေ့ မတ်လ ၂၉ ရက် နံနက် ၉ နာရီအချိန်က ရောက်ရှိခဲ့ကြောင်း သိရသည်။

▪️ မြန်မာနိုင်ငံနှင့်ထိုင်းနိုင်ငံတို့တွင် လှုပ်ရှားခဲ့သည့် ပြင်းထန်သော ငလျင်ဘေးအတွက် အိန္ဒိယနိုင်ငံအနေဖြင့် ဖြစ်နိုင်သမျှထောက်ပံ့ကူညီမှုများ ဆောင်ရွက်ပေးရန်အဆင်သင့်ရှိကြောင်း အိန္ဒိယဝန်ကြီးချုပ်နာရင်ဒရာ မိုဒီက လူမှုကွန်ရက်စာမျက်နှာတွင် ဆိုရှယ်မီဒီယာတွင် ရေးသားခဲ့ပြီးနောက် ယခုအခါ ကူညီပစ္စည်းများ ရောက်ရှိလာခြင်းဖြစ်ကြောင်း သိရသည်။

▪️ မတ်လ ၂၈ ရက် မွန်းလွဲ ၁၂နာရီ ၅၁ မိနစ်ခန့်က မြန်မာနိုင်ငံ စစ်ကိုင်းမြို့၏ အနောက်မြောက်ဖက် ၁၆ ကီလို မီတာအကွာကို ဗဟိုပြု၍မြေအောက်အနက် ၁၀ ကီလိုမီတာမှ အင်အား ၇ ဒသမ ၇ အဆင့်ရှိ အင်အားပြင်းထန်သည့် ငလျင်လှုပ်ရှားမှုဖြစ်ပေါ်ခဲ့သောကြောင့် ထိခိုက်ပျက်စီးမှုများအပြင် လူသေဆုံးမှုများလည်းရှိခဲ့ကြောင်း သိရသည်။

#Yangon_Times/PP