#Local_News
Published 28 March 2025

▪️ ယနေ့နေ့လယ်ပိုင်းတွင် လှုပ်ခတ်ခဲ့သည့် ငလျင်ဒဏ်ကြောင့် တောင်ငူ မြိုရှိ  စစ်ဘေးရှောင်များနားခိုနေသည့်  ဝေဠု၀န်ကျောင်းမှာ ပြိုကျပြီး စစ်ဘေးရှောင်ကလေး ၂၀ ကျော်ပိတ်မိနေကြောင်း သိရသည်။

▪️ အဆိုပါ ပိတ်မိနေသောကလေးငယ်များကို ပရဟိတအသင်းများ အရေးပေါ်ကယ်ဆယ်နေရကြောင်း သိရသည်။

▪️ အင်အားအလွန်ပြင်းထန်သည့်  ပြင်းအားအဆင့် ၇.၇ ရှိသည့် ငလျင်ကြီးတစ်ခုသည်  မြန်မာနိုင်ငံစစ်ကိုင်းမြို့အနောက်မြောက်ဘက် ၁၆ ကီလိုမီတာအကွာ၌ ယနေ့မတ် ၂၈ ရက်မွန်းလွဲ ၁နာရီကျော်ခန့်က ဗဟိုပြုလှုပ်ရှားသွား ကြောင်း အမေရိကန် ငလျင်စင်တာ USGS ၏  သတင်းထုတ်ချက်အရသိရသည်။

▪️ အဆိုပါ ငလျင် လှုပ်ခတ်မှုနှင့်အတူ နိုင်ငံအဝှမ်း၌လည်း ငလျင်လှုပ်ခတ် မှုများကို တစ်ပြိုင်နက်နီးပါးခံစားခဲ့ရကြောင်း သိရသည်။

#YMG/NN #Yangon_Times