#Local_News
Published 21 September 2024
▪️ တောင်ငူနှင့်မဒေါက်မြို့နယ်များ၌ စစ်တောင်းမြစ်ရေ စိုးရိမ်ရေမှတ်ထက်ကျော်လွန်နေ သောကြောင့် ယင်းမြို့နယ်များမှ မြစ်ကမ်းနှင့်မြေနိမ့်ပိုင်းနေသူများနေရာရွေ့ပြောင်းကြရန်
မိုးလေဝသနှင့်ဇလဗေဒညွန်ကြားမှုဦးစီးဌာနမှ သတိပေးထားသည်။
▪️ မိုးလေဝသနှင့်ဇလဗေဒညွန်ကြားမှုဦးစီးဌာနမှ စက်တင်ဘာ ၂၁ ရက်နေ့တွင် ရေကြီးမှုအခြေအနေများနှင့်ပတ်သက်ပြီး ထုတ်ပြန်ချက်၌ ယင်းသို့သတိပေးထားခြင်းဖြစ်သည်။
▪️ အဆိုပါ ထုတ်ပြန်ချက်၌ ယနေ့မြန်မာစံတော်ချိန် ၈နာရီခွဲအချိန်တိုင်းထွာ ချက်များအရ စစ်တောင်းမြစ်ရေသည် တောင်ငူမြို့တွင် ယင်းမြို့၏ စိုးရိမ်ရေမှတ်အထက်သို့ သုံးပေကျော် ကျော်လွန်ရောက်ရှိနေခြင်းဖြစ်သည်။
▪️ စစ်တောင်း မြစ်ရေသည် နောက်တစ်ရက်အတွင်း နှစ်လက်မခန့်ကျဆင်းနိုင်ပြီး ယင်းမြို့၏စိုးရိမ်ရေမှတ်အထက်ဆက်လက်တည်ရှိနိုင်ကြောင်း သိရသည်။
▪️ ၎င်းမြစ်ရေသည် မဒေါက်မြို့တွင် ယင်းမြို့၏ စိုးရိမ်ရေမှတ်အထက်သို့ ငါးပေခန့်ကျော်လွန်ရောက်ရှိနေခြင်းဖြစ်သည်။
▪️ အဆိုပါ မြစ်ရေသည် နောက်တစ်ရက်အတွင်း လေးလက်မခန့်ကျဆင်းနိုင်ပြီး ယင်းမြို့၏စိုးရိမ်ရေမှတ်အထက်ဆက်လက်တည်ရှိနိုင်ကြောင်း သိရသည်။
▪️ ထို့ကြောင့် တောင်ငူနှင့် မဒေါက် မြို့အတွင်းရှိ မြစ်ကမ်းအနီးနှင့် မြေနိမ့်ပိုင်းနေထိုင်သူများအနေဖြင့် ရေဘေးလွတ်ရာနေရာများသို့ ရှောင်ရှားနိုင်ပါရန် သတိပေးထားကြောင်း သိရသည်။
#YMG/NN #Yangon_Times