#Local_News
Published 21  February 2025

▪️ Woojung Education and Culture Foundation မှ ပေးအပ်သည့်  ပညာသင်ဆုရရှိသူ နိုင်ငံတကာ  ကျောင်းသား/သူ (၉၈) ဦးတွင် မြန်မာကျောင်းသားများပါဝင်ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနမှ သိရသည်။

▪️ အဆိုပါ  Woojung Education and Culture Foundation မှ ကြီးမှူး၍ Korea Chamber of Commerce and Industry Building ၌ ယမာန်နေ့က ကျင်းပခဲ့သည့်  Scholarship Award Ceremony for the 1stSemester of 2025  အခမ်းအနားသို့  ကိုရီးယားသမ္မတနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးသန့်စင် တက်ရောက်ခဲ့ပြီး တက်ရောက်လာသော သံတမန်အဖွဲ့ကိုယ်စား ဂုဏ်ပြုမိန့်ခွန်းပြောကြားခဲ့ကြောင်း သိရသည်။

▪️ ယင်းအခမ်းအနား၌ မြန်မာသံအမတ်ကြီးက Woojung Education and Culture Foundation မှ ကိုရီးယားသမ္မတနိုင်ငံတွင် ပညာသင်ကြားလျက်ရှိသော ထူးချွန်သည့် နိုင်ငံတကာမှ ကျောင်း သား/သူများအား ပညာသင်ဆုများ ဆက်လက်ထောက်ပံ့ပေးလျက်ရှိသည့်အတွက် ကျေးဇူးတင်ရှိ ပါကြောင်း၊ အဆိုပါပညာသင်ဆုထောက်ပံ့မှုသည် ပညာရေးနှင့် ယဉ်ကျေးမှုဆိုင်ရာဖလှယ်မှုများ ကို တိုးမြှင့်ဆောင်ရွက်ရာ၌ အရေးပါသောကဏ္ဍမှ ပါဝင်လျက်ရှိ ကြောင်း၊ 1st Semester of 2025 အတွက်နိုင်ငံပေါင်း (၃၀) မှ ပညာသင်ဆုရရှိသူ ကျောင်းသား/သူ (၉၈) ဦးအား ပညာသင်ဆုများ ဆက်လက်ပေးအပ်ခဲ့သည်ကိုသိရှိရသဖြင့် လွန်စွာဂုဏ်ယူဝမ်းမြောက်ပါကြောင်းနှင့် အဆိုပါပညာ သင်ဆုရရှိသူများအနက် မြန်မာနိုင်ငံမှ (၃) ဦးကိုလည်း ပညာသင်ဆု ဆက်လက်ပေးအပ်ခဲ့သဖြင့် ဝမ်းမြောက်ပါကြောင်း ပြောကြားခဲ့သည်။

▪️ ထို့အပြင်  ပညာသင်ဆုရရှိသည့် ကျောင်းသား/သူများအနေဖြင့်လည်း ရည်မှန်းချက် ကြီးကြီးမားမားထားရှိကာ ပညာရေးဆိုင်ရာ အသက်မွေးဝမ်းကြောင်းလမ်းများတွင် အောင်မြင်မှု များ အပြည့်အဝရရှိစေရန် စိန်ခေါ်မှုများကို ရင်ဆိုင်ကျော်လွှားပြီး ဆက်လက်ကြိုးစား အားထုတ်သွားကြရန် တိုက်တွန်းပြောကြားလိုပါကြောင်းနှင့် Woojung Foundationမှ ပညာသင်ဆုများ ဆက်လက်ချီးမြှင့်မှုသည် မြင့်မြတ်သည့် လုပ်ဆောင်ချက်တစ်ခုဖြစ်ပြီး နိုင်ငံတကာမှ ကျောင်းသား/ သူများ၊ အထူးသဖြင့် ဖွံ့ဖြိုးဆဲနိုင်ငံများမှ ကျောင်းသား/သူများအတွက် ပညာရေးပညာသင်ဆုများ ပိုမိုပေးအပ်ပေးပါရန် တိုက်တွန်းလိုပါကြောင်းစသည်ဖြင့် ဂုဏ်ပြုမိန့်ခွန်းပြောကြားခဲ့ကြောင်း သိရသည်။

#YMG/NN #Yangon_Times