#Local_News
Published_20 Feb 2025
▪️ တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့နယ်၊ ပကာရီကျေးရွာအတွင်းသို့ PDF အမည်ခံအကြမ်းဖက်သမားများက လက်လုပ်စိန်ပြောင်းဖြင့် အကြောင်းမဲ့လာရောက် ပစ်ခတ်ခဲ့မှုကြောင့် အပြစ်မဲ့အရပ်သား ပြည်သူ အမျိုးသမီး ၂ ဦး ထိခိုက်ဒဏ်ရာများ ရရှိခဲ့ကြောင်း သိရသည်။
▪️ ဖြစ်စဉ်မှာ ဖေဖော်ဝါရီလ ၁၈ ရက်နေ့ ည ၈ နာရီခန့်တွင် PDF အမည်ခံ အကြမ်းဖက်သမားများက လက်လုပ်စိန် ပြောင်းဖြင့် ပကာရီကျေးရွာ၏ အရှေ့တောင် ဘက် အကြောင်းမဲ့လာရောက်ပစ်ခတ်မှုကြောင့် ကျေးရွာအနီးသို့ ကျရောက်ပေါက်ကွဲ ခဲ့သဖြင့် အပြစ်မဲ့ အရပ်သားပြည်သူ အမျိုးသမီး ၂ ဦး ဗုံးစထိမှန်ဒဏ်ရာများ ရရှိခဲ့သည်။
▪️ အဆိုပါထိခိုက်ဒဏ်ရာရရှိသူများအား နယ်မြေခံတပ်မတော်ဆေးရုံသို့ ပို့ဆောင်၍ ဆေးကုသမှု ခံယူစေလျက်ရှိကြောင်း သိရသည်။
#Yangon_Times/PP