#Local_News
Published 18 September 2024


▪️ မန္တလေးတိုင်းဒေသကြီး၊ အမရပူရမြို့နယ်၊ မြစ်ငယ်မြို့၊ တောင်ကိုင်းကျေးရွာအနီး၌ အင်ဂျင်ဝိုင်သိုလှောင်ဆိုင် မီးလောင်မှုဖြစ်ပွားတစ်ခုဖြစ်ပွားခဲ့ကြောင်း မန္တလေးတိုင်းဒေသကြီး၊ မီးသတ်တပ်ဖွဲ့ မှ သိရသည်။

 

▪️ စက်တင်ဘာ ၁၈ ရက်နေ့ မနက်၁၀နာရီ  ၄၅ မိနစ်အချိန်ခန့်က  မန္တလေးတိုင်းဒေသကြီး၊ အမရပူရမြို့နယ် မြစ်ငယ်မြို့ တောင်ကိုင်းကျေးရွာတွင် မီးလောင်မှုဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

 

▪️ "မြစ်ငယ်၊ တောင်ကိုင်းရွာအနီး အင်ဂျင်ဝိုင်သိုလှောင်ဆိုင် မီးလောင်မှုဖြစ်ပွားတာပါ၊ ထိစပ်မီးသတ်ယာဥ်များထွက်ခွာငြိမ်းသတ်ခဲ့ပါတယ်၊ Leve (1) အဆင့်ပါ၊" ဟု မန္တလေးတိုင်းဒေသကြီး ၊မီးသတ်တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

 

▪️ အဆိုပါ သတင်းရရှိသဖြင့် အမရပူရမြို့နယ်မီးသတ်စခန်းမှ မီးသတ်ယာဉ်များ မှ၁၁ နာရီ၀၅ မိနစ် အချိန်တွင် Level 1 ယာဉ်အုပ်စု ထွက်ခွာငြှိမ်းသတ်ခဲ့ရာ ၁၁ နာရီ၁၆ မိနစ်အချိန်၌  မီးထိန်း၍ ၁၁ နာရီ ၂၀မိနစ် အချိန်၌ မီးငြိမ်းခဲ့ကြောင်း သိရသည်။

 

#YMG/NN #Yangon_Times