#Local_News
Published_17 Feb 2025


▪️ တရားမဝင်ပြည်ပနိုင်ငံသားများသက်ဆိုင်ရာ နိုင်ငံများသို့ အမြန်ဆုံးလွှဲပြောင်းနိုင်ရေး မြန်မာ-တရုတ်-ထိုင်းနိုင်ငံတို့ ယနေ့ဆွေးနွေးနေကြောင်း နစက သတင်းထုတ်ပြန်ရေးအဖွဲ့က သိရသည်။

▪️ ထိုင်းနိုင်ငံအပါအဝင် အိမ်နီးချင်းနိုင်ငံအချို့ကို တစ်ဆင့်ခံဖြတ်သန်း၍ မြန်မာ နိုင်ငံအတွင်းသို့ နယ်စပ်လမ်းကြောင်းများမှ တစ်ဆင့်တရားမဝင် ဝင်ရောက်လာပြီး ကရင်ပြည်နယ် မြဝတီမြို့ - ရွှေကုက္ကိုလ်နှင့် KK Park နယ်မြေများတွင် တရားမဝင်အွန်လိုင်းလောင်းကစားမှုများ၊ အွန်လိုင်းလိမ်လည်မှုများ၊ ဒုစရိုက်မှုများကျူးခဲ့ကြ သူများကို စစ်ဆေးဖော်ထုတ်လျက်ရှိရာ ဇန်နဝါရီလ ၃၀ ရက်မှ ဖေဖော်ဝါရီ ၁၆ ရက်ထိ ပြည်ပနိုင်ငံသား ၁၀၃၀ ဦးတို့ကို ဖော်ထုတ်ထိန်းသိမ်းနိုင်ခဲ့ကြောင်း သိရသည်။

▪️ ယင်းပြည်ပနိုင်ငံသားများအား ဥပဒေလုပ်ထုံးလုပ်နည်းများနှင့်အညီ သက်ဆိုင်ရာနိုင်ငံများသို့ ပြန်လည်လွှဲ ပြောင်းပေးအပ်နိုင်ရေးအတွက် မြန်မာနိုင်ငံတွင် တရားမဝင် ဝင်ရောက်လာသည့် နိုင်ငံခြားသားများအား ဥပ ဒေနှင့်အညီ အမြန်ဆုံးအရေးယူ ပြည်နှင်လွှဲပြောင်းမှု ကြီးကြပ်ရေးဗဟိုကော်မတီ အတွင်းရေးမှူး ပြည်ထဲရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ် အောင်ကျော်ကျော်နှင့် တာဝန်ရှိသူများ၊ တရုတ်ပြည်သူ့ သမ္မတနိုင်ငံ၊ တရုတ်ပြည်သူ့ လုံခြုံရေးဆိုင်ရာ ဝန်ကြီးဌာန လက်ထောက်ဝန်ကြီး H. E. Mr. Liu Zhong Yi နှင့် တာဝန်ရှိသူများ၊ ထိုင်းနိုင်ငံ၊ အမျိုးသား ကာကွယ်ရေးဝန်ကြီးဌာနမှ အထွေထွေအတွင်းရေးမှူး General Daisa Insomlas နှင့် တာဝန်ရှိသူများသည် ယနေ့နံနက်ပိုင်းတွင် မြဝတီမြို့သို့ ရောက်ရှိဆွေးနွေးနေကြခြင်းဖြစ်ကြောင်း သိရသည်။

▪️ ၎င်းသုံးနိုင်ငံ ပူးပေါင်းအဖွဲ့က မြဝတီမြို့- ရွှေကုက္ကိုလ် နှင့် KK Park နယ်မြေ များသို့ တရားမဝင်လမ်း ကြောင်း များမှ တစ်ဆင့်ဝင်ရောက်နေကြသည့် ပြည်ပ နိုင်ငံသားများကို စစ်ဆေးဖော်ထုတ်ပြီးကောင်းမွန်စွာ ထိန်းသိမ်း ထားမှု အခြေအနေများ၊ ကိုယ်ရေးအချက်အလက်များနှင့် မှတ်တမ်းများ စာရင်းကောက်ယူနေမှုအခြေအနေများကို လိုက်လံကြည့်ရှု လေ့လာကြကြောင်း သိရသည်။

#Yangon_Times/PP