#Local_News
Published  12  May 2025

▪️ မန္တလေးငလျင်ကြီးဒဏ်သင့်ပြည်သူများအတွက် စစ်ကိုင်းမြို့၊နှစ်(၇၀၀) ဘောလုံးကွင်းအတွင်းတွင် ကျင်းပနေသည့်  အိမ်ဆောက်ပစ္စည်းဈေးရောင်းပွဲတော်၌ တန်ဖိုးသင့်နေအိမ်များကိုလည်း ပြသထားကြောင်း ပွဲတော် ကျင်းပရေးကော်မတီမှ  သိရသည်။

▪️ အဆိုပါ အိမ်ဆောက်ပစ္စည်း ဈေးရောင်းပွဲတော်ကိုစစ်ကိုင်းမြို့ရှိ  ငလျင်ဘေးသင့်ပြည်သူများ ဈေးနှုန်းချိုသာစွာဖြင့် ဝယ်ယူနိုင်ရန် မေလ (၁၂)ရက်မှ(၁၆)ရက်အထိ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

▪️ ဈေးရောင်းပွဲတော်တွင် ဆိုင်ခန်းပေါင်း (၂၂)ခန်းနှင့် ဘိလပ်မြေ၊ အုတ်၊ ကပ်၊ ဝါးထရံ၊ သွပ်၊ ပိုက်နှင့် ဆက်စပ်ပစ္စည်းများ၊ လျှပ်စစ်ဆိုင်ရာဆက်စပ်ပစ္စည်းများနှင့်  အခြားအိမ်ဆောက်ပစ္စည်းများပါဝင်ကြောင်း သိရသည်။

▪️ ထို့အပြင် ဈေးရောင်းပွဲတော်၌  ငွေကျပ် (၅၉)သိန်း တန်ဖိုးရှိ အလျား ပေ(၂၀)ပေ၊ အနံ (၁၅) ပေ၊ အမြင့် (၉)ပေခွဲရှိသည့်  တန်ဖိုးသင့်နေအိမ်များကိုလည်း ပြသထားမည် ဖြစ်ကြောင်း သိရသည်။

▪️ အဆိုပါ တန်ဖိုးသင့်နေအိမ်များကို ဝယ်ယူလှူဒါန်းလိုပါက ဈေးရောင်းပွဲတော်တွင်  ပြသပေးထားသည့်  နေအိမ်ဒီဇိုင်းအတိုင်း အလှူရှင်ကိုယ်တိုင်ဖြစ်စေ၊ ခရိုင်သဘာဝဘေး စီမံခန့်ခွဲရေး ကော်မတီမှဖြစ်စေ ဆောက်လုပ်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

#YMG/NN #Yangon_Times