#Local_News
Published 9 April 2025

▪️ ရှမ်းပြည်နယ်၊ ကျိုင်းတုံမြို့၊ ပြည်ထောင်စုလမ်းမကြီး ရှိ စပါရှယ်တောင်အဆင်းတွင်ခရီးသည် ယာဉ် ချောက်ထဲကျ၍ ခုနှစ်ဦး‌ေ-သဆုံးကာ သုံးဦးဒဏ်ရာရရှိခဲ့ကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နှင့် လူမှုကူညီရေးအဖွဲ့မှသိရသည်။

▪️ ဧပြီ၈ ရက်နေ့၊ ည ၁၀နာရီ ၄၀ မိနစ်အချိန်ခန့်က  ရှမ်းပြည်နယ်၊ ကျိုင်းတုံခရိုင်၊ ကျိုင်းတုံမြို့၊ ပြည်ထောင်စုလမ်းမကြီး၊ မိုင်တိုင်အမှတ် ၃၆၆/၆-၇ကြား၊ စပါရှယ်တောင်အဆင်းတွင် Rozer ၆ဘီး(ခရီးသည်)ယာဉ်သည် လမ်း၏ယာဘက် ပေ(၅၀၀)ခန့်နက်သော ချောက်ထဲသို့ထိုးကျသွားကြောင်း သိရသည်။အဆိုပါသတင်းရရှိသဖြင့် ကျိုင်းတုံခရိုင်မီးသတ်စခန်းမှ အုပ်ချုပ်မှုယာဉ်(၁)စီး၊ ရှာဖွေကယ်ဆယ်ရေးယာဉ်(၁)စီး၊ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များဖြင့်  ကယ်ဆယ်ရေးလုပ်ငန်းများဆောင်ရွက်ခဲ့ကြောင်းသိရသည်။

▪️ ယင်းဖြစ်စဉ်ကြောင့် ယာဉ်ပေါ်ပါရှိသူ ၇ ဦး သေဆုံးကာ ၃ ဦးဒဏ်ရာရရှိကြောင်း သိရသည်။

#YMG/NN #Yangon_Times