#Local_News
Published 4 January 2024

▪️ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက ဆရာတော်ကြီးများ၊ ဂန္ထဓုရပရိယတ္တိဝန်ဆောင်စာချဆရာတော်များ၊ ဝိပဿနာဓုရပရိပဋိပတ္တိဝန်ဆောင် ကမဋ္ဌာန်းနည်းပြ ဆရာတော်များ၊ နယ်လှည့်ဓမ္မကထိကနှင့်  ပြည်တွင်း၊ ပြည်ပသာသနာပြုပုဂ္ဂိုလ်များ၊ ဗုဒ္ဓသာသနာတော်ကို ပစ္စည်းလေးပါးတို့ဖြင့်  ထူးခြားစွာထောက်ပံ့လှူဒါန်းနေကြသည့်  ပုဂ္ဂိုလ်များကို သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော်များ  ဆက်ကပ်လှူဒါန်းအပ်နှင်းလိုက်ပြီး ဂုဏ်ထူးဆောင်ဘွဲ့နှင့်တံဆိပ်များ ချီးမြှင့် လိုက်ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီမှ ဇန်နဝါရီ၄ ရက် ရက်စွဲနှင့်  အမိန့်ကြော်ငြာစာ ထုတ်ပြန်ချက်အရသိရသည်။

▪️ ထိုသို့သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော်များ  ဆက်ကပ်လှူဒါန်းအပ်နှင်းရာတွင် အဘိဓဇမဟာရဋ္ဌဂုရုဘွဲ့တံဆိပ်တော်ကို ဆရာတော်ကြီး၉ပါး၊ အဂ္ဂမဟာပဏ္ဍိတဘွဲ့တံဆိပ်တော်ကို ဆရာတော်ကြီး ၁၉ပါးနှင့်  ပြည်ပဘွဲ့ခံဆရာတော်ကြီး ၁ပါး၊ အဂ္ဂမဟာဂန္ထဝါစကပဏ္ဍိတဘွဲ့တံဆိပ်တော်ကိုဆရာတော်ကြီး ၂၅ပါး၊ သီလရှင်ဆရာကြီး၂ပါး၊ မဟာဂန္ထဝါစကပဏ္ဍိတဘွဲ့တံဆိပ်တော်ကို ဆရာတော်ကြီး၃၈ပါး၊ သီလရှင်ဆရာကြီး ၇ပါး၊ ဂန္ထဝါစကပဏ္ဍိတဘွဲ့တံဆိပ်တော်ကို ဆရာတော်ကြီး ၅၂ပါးနှင့်  သီလရှင်ဆရာကြီး ၁၅ ပါးတို့ကို ဆက်ကပ်လှူဒါန်းလိုက်ကြောင်း  ဖော်ပြထားသည်။

▪️ ဆက်လက်ပြီး ဓမ္မကထိကဗဟုဇနဟိတဓရဘွဲ့တံဆိပ်တော်ကို ဆရာတော်ကြီး ၃ပါး၊ အဘိဓဇအဂ္ဂမဟာသဒ္ဓမ္မဇာတိက ဘွဲ့တံဆိပ်တော်ကို ဆရာတော်ကြီး ၆ပါး၊ ပြည်ပဘွဲ့ခံဆရာတော်ကြီး ၁ပါး၊ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ ဘွဲတံဆိပ်တော်ကို ဆရာတော်ကြီး ၅၃ပါး၊ ပြည်ပဘွဲ့ခံဆရာတော်ကြီး ၁ပါး၊ မဟာသဒ္ဓမ္မဇောတိကဓဇ ဘွဲ့တံဆိပ်တော်ကို ဆရာတော်ကြီး၇၈ပါး၊ ပြည်ပဘွဲ့ခံဆရာတော်ကြီး ၄ပါး၊ သီလရှင်ဆရာကြီး ၆ပါး၊ ပြည်ပဘွဲ့ခံသီလရှင်ဆရာကြီး ၁ပါး၊ လူပုဂ္ဂိုလ် ၆ဦးနဲ့ ပြည်ပဘွဲ့ခံလူပုဂ္ဂိုလ် ၃ဦး၊ သဒ္ဓမ္မဇောတိကဓဇ ဘွဲ့တံဆိပ်တော်ကို ဆရာတော်ကြီး၇၉ပါး၊ ပြည်ပဘွဲ့ခံဆရာတော်ကြီး ၄ပါး၊ သီလရှင်ဆရာကြီး ၅ပါး၊ လူပုဂ္ဂိုလ် ၆ဦး၊ ပြည်ပဘွဲ့ခံလူပုဂ္ဂိုလ် ၁ဦး၊ အဂ္ဂမဟာကမ္မဋ္ဌာနာစရိယဘွဲ့တံဆိပ်တော်ကို ဆရာတော်ကြီး ၁၀ပါး၊ မဟာကမ္မဋ္ဌာနာစရိယဘွဲ့တံဆိပ်တော်ကို ဆရာတော်ကြီး ၁၁ပါး၊ ကမ္မဋ္ဌာနာစရိယဘွဲ့တံဆိပ်တော်ကို ဆရာတော်ကြီး ၂၁ပါးတို့ကို ဆက်ကပ်လှူဒါန်းအပ်နှင်းလိုက်ကြောင်း သိရသည်။

▪️ ထို့အပြင် အဂ္ဂမဟာသီရိသုဓမ္မမဏိဇောတဓရဘွဲ့တံဆိပ်ကို လူပုဂ္ဂိုလ်၃‌ဦး၊ သီရိသုဓမ္မမဏိဇောတဓရဘွဲ့တံဆိပ်ကို လူပုဂ္ဂိုလ် ၁ဦး၊ သီရိသုဓမ္မသိင်္ဂီဘွဲ့တံဆိပ်ကို လူပုဂ္ဂိုလ် ၆ဦး၊ သီဟသုဓမ္မမဏိဇောတဓရဘွဲ့တံဆိပ်ကို လူပုဂ္ဂိုလ် ၄ဦး၊ သီဟသုဓမ္မသိင်္ဂီဘွဲ့တံဆိပ်ကို လူပုဂ္ဂိုလ်၆ဦး၊ သုဓမ္မမဏိဇောတဓရ ဘွဲ့တံဆိပ်ကို လူပုဂ္ဂိုလ် ၅ဦးနှင့် သုဓမ္မသိင်္ဂီဘွဲ့တံဆိပ်ကို လူပုဂ္ဂိုလ် ၁၂ဦးတို့ကို အပ်နှင်းလိုက်ကြောင်း သိရသည်။

▪️ ထို့အပြင်  စည်သူဘွဲ့၊ ဇေယျကျော်ထင်ဘွဲ့၊ ဝဏ္ဏကျော်ထင်ဘွဲ့များ အပါအဝင် ဂုဏ်ထူးဆောင်ဘွဲ့များ ၊ ဂုဏ်ထူးဆောင်တံဆိပ်များ ချီးမြှင့်အပ်နှင်းလိုက်ကြောင်းသိရသည်။

▪️ အဆိုပါကဲ့သို့ ချီးမြှင့်အပ်နှင်းရာတွင်  ပြည်ထောင်စုစည်သူသင်္ဂဟဘွဲ့ဖြစ်သည့်  စည်သူဘွဲ့ကို ၄ဦး၊ တပ်မတော်ဆိုင်ရာ စွမ်းရည်သတ္တိဂုဏ်ထူးဆောင်ဘွဲ့ဖြစ်သည့်  သူရဘွဲ့ကို ၁ဦး၊ စွမ်းဆောင်မှုဆိုင်ရာ ဂုဏ်ထူးဆောင်ဘွဲ့များဖြစ်သည့်  ဇေယျကျော်ထင်ဘွဲ့ ၁၇ဦး၊ ဝဏ္ဏကျော်ထင်ဘွဲ့၁၄ဦး၊ အလင်္ကာကျော်စွာဘွဲ့၁ဦး ၊ သိပ္ပကျော်စွာဘွဲ့ကို ၂ဦး ချီးမြှင့်အပ်နှင်းလိုက်ကြောင်း သိရသည်။

▪️ ၎င်းအပြင် တပ်မတော်ဆိုင်ရာစွမ်းရည်သတ္တိတံဆိပ်ဖြစ်သည့်  သူရဲကောင်းမှတ်တမ်းဝင်တံဆိပ်  ၉ဦး၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဆိုင်ရာ စွမ်းရည်သတ္တိဂုဏ်ထူး‌ဆောင်တံဆိပ်ဖြစ်သည့်  ရဲဗလတံဆိပ် ၁ဦး၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဆိုင်ရာစွမ်း‌ဆောင်မှု ဂုဏ်ထူးဆောင်တံဆိပ်ဖြစ်သည့်  ရဲသူရိန်တံဆိပ် ၁၀ဦး၊ နိုင်ငံတကာစစ်ဘက်ပူးပေါင်းဆောင်ရွက်မှုတံဆိပ်ဖြစ်သည့်  သီရိသီဟကျော်တံဆိပ် ၁‌ဦး ချီးမြှင့်အပ်နှင်းလိုက်ကြောင်း သိရသည်။

▪️ အလားတူ  စွမ်းဆောင်မှုဆိုင်ရာ ဂုဏ်ထူးဆောင်တံဆိပ်များ ဖြစ်သည့် စီမံထူးချွန်တံဆိပ်(ပထမအဆင့်)၂၆‌ဦး၊ စီမံထူးချွန်တံဆိပ်(ဒုတိယအဆင့်) ၄၇ဦး၊ စီမံထူးချွန်တံဆိပ် (တတိယအဆင့်) ၅၃ဦး၊ လူမှုထူးချွန်တံဆိပ်(ပထမအဆင့်) ၁၃ဦး၊ လူမှုထူးချွန်တံဆိပ်(ဒုတိယအဆင့်) ၅‌ဦး၊ လူမှုထူးချွန်တံဆိပ်(တတိယအဆင့်) ၁၃၇ဦးတိုကို ချီးမြှင့်အပ်နှင်းလိုက်ကြောင်း သိရသည်။

▪️ စီးပွားထူးချွန်တံဆိပ်များဖြစ်သည့်  လယ်ယာစီးပွားထူးချွန်တံဆိပ်(တတိယအဆင့်) ၁၃ဦး၊ စက်မှုစီးပွားထူးချွန်တံဆိပ်(တတိယအဆင့်) ၈ဦး၊ ဝန်ဆောင်စီးပွားထူးချွန်တံဆိပ်(ဒုတိယအဆင့်) ၁ဦး၊ ဝန်ဆောင်စီးပွားထူးချွန်တံဆိပ်(တတိယအဆင့်) ၇၇ဦးတိုကို ချီးမြှင့်အပ်နှင်းလိုက်ခြင်းဖြစ်သည်။

▪️ ပညာရပ်ဆိုင်ရာထူးချွန်တံဆိပ်များဖြစ်သည့်  ဝိဇ္ဇာပညာထူးချွန်တံဆိပ်(ပထမအဆင့်) ၃‌ဦး၊ ဝိဇ္ဇာပညာထူးချွန်တံဆိပ်(တတိယအဆင့်) ၁ဦး၊ ဆေးပညာထူးချွန်တံဆိပ်(ပထမအဆင့်) ၁၃ဦး၊ ဆေးပညာထူးချွန်တံဆိပ်(ဒုတိယအဆင့်) ၂၄ဦး၊ ဆေးပညာထူးချွန်တံဆိပ် (တတိယအဆင့်) ၈ဦး၊ နည်းပညာထူးချွန်တံဆိပ်(ပထမအဆင့်) ၁ဦး၊ နည်းပညာထူးချွန်တံဆိပ်(ဒုတိယအဆင့်) ၅ဦး၊ နည်းပညာထူးချွန်တံဆိပ်(တတိယအဆင့်) ၃၄ဦး၊ အနုပညာထူးချွန်တံဆိပ်(ပထမအဆင့်) ၂ဦး၊ အနုပညာထူးချွန်တံဆိပ်(ဒုတိယအဆင့်) ၄ဦး၊ အနုပညာထူးချွန်တံဆိပ်(ဒုတိယအဆင့်) ၂ဦးတို့ကို ချီးမြှင့်အပ်နှင်းလိုက် ကြောင်း ထုတ်ပြန်ချက်အရသိရသည်။

#YMG/NN #Yangon_Times