#Local_News
Published 29 March 2025
▪️ ဥရောပသမဂ္ဂအနေဖြင့် မြန်မာ့ငလျင်ဘေးအတွက် ကနဦး အရေးပေါ်အကူအညီ ယူရို ၂.၅ သန်း ထောက်ပံ့ပေးမည်ဖြစ်ကြောင်း သတင်းထုတ်ပြန်ထားသည်။
▪️ အဆိုပါ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ခွဲဝေမှုအသစ်သည် မြန်မာနိုင်ငံရှိ ထိခိုက်လွယ်ဆုံးသူများ၏ လတ်တလော လိုအပ်ချက်များကို ဖြည့်ဆည်းပေးကာ လူ့အသက်ပေါင်းများစွာကို ကယ်တင်ရန် ကူညီပေးမည်ဖြစ်ကြောင်း၊ အီးယူသည် နောက်ထပ်အကူအညီများကို စည်းရုံးနိုင်ရန် မြေပြင်အခြေအနေနှင့် လိုအပ်ချက်များကို အကဲဖြတ်နေကြောင်း ထုတ်ပြန်ထားသည်။
▪️ ညီမျှခြင်းရေးရာ၊ ကြိုတင်ပြင်ဆင်မှုနှင့် အရေးပေါ် စီမံခန့်ခွဲမှုဆိုင်ရာ ဥရောပ ကော်မရှင်နာ ဟာဂျာလာဘစ်က မြန်မာနှင့်ဒေသတွင်း တဝိုက်တွင် လှုပ်ခတ်ခဲ့သော ရစ်ချတာစကေးအဆင့် ၇.၇ ရှိ ငလျင်ကြောင့် ပျက်စီးဆုံရှုံးမှုများအတွက် အလွန်စိုးရိမ်ဝမ်းနည်းမိကြောင်း၊ လက်ရှိအခြေအနေကို ဥရောပသမဂ္ဂအနေဖြင့် စောင့်ကြည့်လျှက်ရှိပြီး၊ သက်ရောက်မှုအခြေအနေများအား လွယ်ကူချောမွေ့စွာ အကဲဖြတ်ဆောင်ရွက်နိုင်ရန် ကမ္ဘာ့မြေမျက်နှာပြင် စောင့်ကြည့်ရေးစနစ်အား အသက်သွင်းတပ်ဆင်ထားကြောင်း၊ ဥရောပသမဂ္ဂအနေဖြင့် အရေးပေါ်အကူအညီများပေးအပ်ရန် အဆင်သင့်ရှိနေကြောင်း ပြောကြားထားသည်။
▪️ ယခုနှစ်အတွင်း မြန်မာနိုင်ငံအတွက် အီးယူ၏စုစုပေါင်း လူသားချင်းစာနာထောက်ထားမှုအကူအညီရန်ပုံငွေ ယူရို ၃၅သန်းကိုပေးအပ်မည်ဖြစ်ကြောင်း သိရသည်။
#YMG/SW #Yangon_Times