#Local_News
Published 27 February 2025

▪️ နေပြည်တော်ရှိ ဥပ္ပါတသန္တိစေတီတော်မြတ်ကြီး ၏ (၁၇) ကြိမ်မြောက် ဗုဒ္ဓပူဇနိယပွဲတော်ကို တပေါင်းကွင်းတွင် ကျင်းပသွားမည်ဖြစ်ကြောင်း စေတီတော်မြတ်ကြီးဂေါပကအဖွဲ့ထံမှ သိရသည်။

▪️ အဆိုပါ ဗုဒ္ဓပူဇနိယပွဲတော်ကိုမတ်လ ၇ ရက်မှ ၁၃ ရက်အထိ ၇ ရက်တိုင်တိုင် ကျင်းပသွားမည်ဖြစ်ပြီး    မတ်လ ၇ ရက်မှ ၉ ရက် အထိကို ဖျော်ဖြေရေးပွဲများလည်း ထည့်သွင်းကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

▪️ ထိုသို့ကျင်းပရာတွင် ရေကျော်ဂီတဖျော်ဖြေရေးအဖွဲ့၊ မတ်လ ၁၀ ရက်နှင့် ၁၁ ရက်တို့တွင်  မြန်မာ့အသံနှင့် ရုပ်မြင်သံကြား ဖျော်ဖြေ ရေးအဖွဲ့၊ မတ် ၁၂ ရက်မှာ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ အနုပညာဦးစီးဌာနမှ ဖျော်ဖြေရေးအဖွဲ့၊ မတ်လ ၁၃ ရက်တွင်  မြဝတီရုပ်မြင်သံကြား ဖျော်ဖြေရေးအဖွဲ့တို့မှ  အခမဲ့ဖျော်ဖြေတင်ဆက်သွားမည်ဖြစ်ကြောင်း သိရသည်။

▪️ ထို့အပြင် ပွဲတော်အတွင်း ချား၊ ရဟတ်၊ ပျော့ပျော့အိအိ ကလေးကစားကွင်းများလည်းပါဝင်မည်ဖြစ်သော ကြောင့် အနယ်နယ် အရပ်ရပ်ရှိ ဘုရားဖူးများအနေဖြင့် လာရောက် ဆင်နွှဲရန်ဖိတ်ခေါ်ထားကြောင်းသိရသည်။

#YMG/NN #Yangon_Times