#Local_News
Published 24 March 2025

▪️ ၂၀၂၇ အာရှဖလား တတိယအဆင့်ခြေစစ်ပွဲ အုပ်စုပထမပွဲစဉ်ကို မနက်ဖန်တွင် ရန်ကုန်မြို့၌  ကျင်းပမည်ဖြစ်ရာမြန်မာအသင်းနှင့် အာဖဂန်နစ္စတန် အသင်းတို့ ယှဉ်ပြိုင်ကစားမည်ဖြစ်ကြောင်း သိရသည်။

▪️ ထိုသို့ ယှဉ်ပြိုင်ကစားရာတွင် မတ် ၂၅ ရက် ညနေ ၅ နာရီတွင် ရန်ကုန်မြို့ရှိ သုဝဏ္ဏကွင်း၌ ယှဉ်ပြိုင်ကစားမည်ဖြစ်သည်။

▪️ အဆိုပါ အာရှဖလား တတိယအဆင့် ခြေစစ်ပွဲကို လေးသင်း ခြောက်အုပ်စုခွဲ၍ ၂၀၂၅ ခုနှစ် မတ်လမှ ၂၀၂၆ ခုနှစ် မတ်လအထိ တစ်နှစ်ကြာ ကျင်းပမည်ဖြစ်ပြီး မြန်မာအသင်းသည် ဆီးရီးယား၊ အာဖဂန်နစ္စတန်၊ ပါကစ္စတန်အသင်းတို့နှင့် တစ်အုပ်စုတည်း ကျရောက်နေကြောင်း သိရသည်။

▪️ မြန်မာ့လက်ရွေးစင်အသင်းသည် မတ် ၃ ရက်မှစ၍ ပဏာမကစားသမား ၄၂ ဦးဖြင့် စတင်လေ့ကျင့်ခဲ့ပြီး ဝင်းနိုင်ထွန်း၊ ဝေလင်းအောင် စသည့် ကစားသမားအချို့ ဒဏ်ရာပြဿနာကြောင့် ယခုခြေစစ်ပွဲနှင့် လွဲချော်မည်ဖြစ် ကြောင်းသိရသည်။

▪️ မြန်မာ့လက်ရွေးစင်အသင်းကို နည်းပြချုပ်အဖြစ် ဦးမျိုးလှိုင်ဝင်းက ဆက်လက်ကိုင်တွယ်နေပြီး ဂိုးသမား- ဇင်ညီညီအောင် (ဒဂုံစတား)၊ ဆန်းဆက်နိုင် (ရန်ကုန်ယူနိုက်တက်)၊ နေလင်းထက် (ဟံသာဝတီ)၊ နောက်တန်း- နန္ဒကျော်၊ သက်ဟိန်းစိုး၊ ဟိန်းဖြိုးဝင်း၊ ဇွဲခန့်မင်း (ရှမ်းယူနိုက်တက်)၊ သီဟထက်အောင် (ဒဂုံစတား)၊ ဟိန်းဇေယျာလင်း (ရန်ကုန်ယူနိုက်တက်)၊ ကျော်သီဟဇော် (အား/ကာသိပ္ပံ)၊ စိုးမိုးကျော် (အူထိုင်းထာနီ-ထိုင်း)၊ အလယ်တန်း- လွင်မိုးအောင် (ရရောင်း-ထိုင်း)၊ ကျော်မင်းဦး (PDRM-မလေးရှား)၊ ဇော်ဝင်းသိန်း၊ ဥက္ကာနိုင် (ရန်ကုန်ယူနိုက်တက်)၊ မင်းမော်ဦး (သစ္စာအားမာန်)၊ အောင်နိုင်ဝင်း (ရခိုင်ယူနိုက်တက်)၊ မြတ်ကောင်းခန့်၊ ခွန်ကျော်ဇင်ဟိန်း၊ ရဲရင့်အောင် (ရှမ်းယူနိုက်တက်)၊ သီဟဇော် (နာဂါဝေါ-ကမ္ဘောဒီးယား)၊ မောင်မောင်လွင် (လမ်ဖွန်ဝါရီယာ-ထိုင်း)၊ ဟိန်းထက်အောင် (နီဂျီရီဆီဘမ်လန်-မလေးရှား)၊ ရှေ့တန်း- သန်းပိုင် (ကန်ချာနာဘူရီ-ထိုင်း)၊ အောင်ကောင်းမာန် (ဖရေးယူနိုက်တက်-ထိုင်း)နှင့် ပြည်မိုး(ရတနာပုံ)တို့ ပါဝင်ကြ ကြောင်း သိရသည်။

#YMG/NN #Yangon_Times