#Local_News
Published_21 April 2025
▪️ ငလျင်ကြောင့် Naypyitaw State Academy ပျက်စီးမှုမရှိခဲ့ဘဲ အုတ်နံရံအချို့ ပလာစတာ ကွဲအက်၊ ကွာကျနေခြင်းသာ ရှိ၍ ကျောင်းဖွင့်လှစ်ချိန်မတိုင်မီအပြီး ပြုပြင်သွားမည်ဖြစ်ကြောင်း သိရသည်။
▪️ ယနေ့ ဧပြီလ ၂၀ ရက်တွင် အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီဒုတိယ ဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းက ပြည်ထောင်စု ဝန်ကြီးများ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ နေပြည်တော်တိုင်းစစ်ဌာနချုပ် တိုင်းမှူးနှင့်အဖွဲ့ဝင်များဖြင့် သွားရောက်ကြည့်ရှုခဲ့ကြကြောင်း သိရသည်။
▪️ ငလျင်ကြောင့် ဘွဲ့လွန်နှင့်အုပ်ချုပ်မှုဆိုင်ရာ ပင်မဆောင်အခြေအနေ၊ ဆေးပညာသင်ကြားရေးအဆောင်၊ စီးပွား ရေး ပညာသင်ကြားရေးအဆောင်၊ ဝိဇ္ဇာနှင့်သိပ္ပံ ပညာသင်ကြားရေးအဆောင်(၂)ဆောင်နှင့် စီးပွားရေးနှင့် လူမှု ရေးပညာသင်ကြားရေး အဆောင်တို့၏ ထိခိုက်ပျက်စီးမှုအခြေအနေများကို ကြည့်ရှုစစ်ဆေးရာ ပင်မ Column တိုင်နှင့် Beam တို့ကို စစ်ဆေးချက်အရ ထိခိုက်မှုလုံးဝမရှိဘဲ အဆောင်လိုက်အုတ်နံရံအချို့ ပလာစတာကွဲအက်၊ကွာကျနေခြင်းသာ ရှိ၍ ဇွန်လကျောင်းစတင်ဖွင့်လှစ်ချိန် မတိုင်မီအပြီး ပြုပြင်သွားရန်၊ ညှိနှိုင်းခဲ့ကြောင်း သိရသည်။
▪️ ၎င်းနောက်ဆောက်လုပ်ဆဲ ဘွဲ့နှင်းသဘင်ခန်းမနှင့် ဆောက် လုပ် ဆဲ (၆)ထပ် ဆောင်တို့ကို အင်ဂျင်နီယာ အသင်းချုပ်၊ အင်ဂျင်နီယာကောင်စီ နှင့် ငလျင် ပညာရှင်များ၏ စစ်ဆေးချက်အရ ထိခိုက်မှုတစ်စုံတစ်ရာ မထိခိုက်ကြောင်း သိရသည်။
▪️ Naypyitaw State Academy အတွင်းရှိ ဆောက်လုပ်ပြီး အဆောက်အဦများနှင့် ဆောက်လုပ်ဆဲ အဆောက်အဦများအား ဆောက်လုပ်ရေးဝန်ကြီးဌာနအနေဖြင့် ၂၀၂၀ ပြည့်နှစ်၊ နိုင်ငံတကာသတ်မှတ် SOP အတိုင်း ရစ်(ခ်) တာစကေး ၇ ခံနိုင်သည့် ဒီဇိုင်းပုံစံအတိုင်းဆောက်လုပ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
▪️ ယင်းကြောင့် ဆောက်လုပ်ရေးဝန်ကြီးဌာနမှ အသစ်ပြန်လည်ရေးဆွဲလျက်ရှိသည့် ရစ်(ခ်)တာစကေး ၈ အထိခံနိုင်သည့် အဆောက်အဦဒီဇိုင်းပုံစံအတိုင်း ဆောက်လုပ်နိုင်ရေး ပညာရေးဝန်ကြီးဌာနနှင့် ဆောက်လုပ်ရေး ဝန်ကြီး ဌာနတို့မှ ပေါင်းစပ်ညှိနှိုင်း၍ ဆောင်ရွက်သွားရန် နစက ဒုဥက္ကဌက မှာကြားခဲ့ကြောင်း သိရသည်။
#Yangon_Times/PP