#Local_News
Published 21 February 2025
▪️ ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့၌တာချီလိတ်မြို့၌ စက်သုံးဆီသယ်ယာဉ်များရောက်ရှိလာပြီး ဒေသတွင်း စက်သုံးဆီပြတ်လပ်မှုမဖြစ်ပေါ်စေရေးဆက်လက်ဆောင်ရွက်နေကြောင်း ယမန်နေ့ မွန်းလွဲပိုင်းက ခရိုင်/မြို့နယ် စုပေါင်းရုံးရှိ ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ပြုလုပ်ခဲ့သည့် ဈေးနှုန်းသက်သာစေရေးနှင့် စက်သုံးဆီများပြတ်လပ်မှုမဖြစ်ပေါ်စေရေးညှိနှိုင်း ဆွေးနွေးခြင်း အစည်းအဝေးမှ သိရသည်။
▪️ ရှေးဦးစွာ စစ်ဗျူဟာအဖွဲ့(အခြေချ)တာချီလိတ်မှ စစ်ဗျူဟာမှူး ဗိုလ်မှူးကြီး ကျော်မင်းထွန်း၊ ခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယ ရဲမှူးကြီး ချမ်းမြေ့ဝင်း၊ မြို့မိမြို့ဖ ဥက္ကဋ္ဌ ဦးထွန်းနေဦး၊ ဆီလုပ်ငန်းရှင်များ အသင်း ဥက္ကဋ္ဌ ဦးစိုင်းစိုင်းနှင့် ဆီလုပ်ငန်းရှင်များသည် ဖန်မင်ကျေးရွာ အုပ်စု၊ ဧဒင်ကျေးရွာရှိ ရန်ကင်းဆီပန့်သို့ ရောက်ရှိလာသော ဆီသယ်ယာဉ် ၁၁ စီးကို တာဝန်ရှိသူများက ဆီအရည်အသွေးများအား တိုင်းတာစစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
▪️ ထို့နောက် ခရိုင်/မြို့နယ် စုပေါင်းရုံးရှိ ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ထိုင်းနိုင်ငံမှ စက်သုံးဆီတင်ပို့မှု ရပ်ဆိုင်းခဲ့သဖြင့် ဒေသတွင်း စက်သုံးဆီပြတ်လပ်မှုမဖြစ်ပေါ်စေရေးနှင့် ဈေးနှုန်းသက်သာစေရေးအတွက် Max Mega Power Myanmar Co,Ltd နှင့် Golden Gate Energy Co,Ltd တို့မှ ပူးပေါင်းပြီး မြန်မာနိုင်ငံ၊ ရန်ကုန်မြို့ရှိ ဆိပ်ကမ်းများမှ တစ်ဆင့် တာချီလိတ်မြို့၊ စက်သုံးဆီလုပ်ငန်းရှင်များအသင်းနှင့် ပေါင်းစပ်၍ စက်သုံးဆီသယ်ယူဖြန့်ဖြူး ရောင်းချသွားမည့်ကိစ္စရပ်များကို ညှိနှိုင်းဆွေးနွေးရာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးမင်းကိုက လိုအပ်ချက်များအား ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးကြောင်း သိရသည်။
▪️ လက်ရှိရောက်ရှိလာသော စက်သုံးဆီကားများအား တာချီလိတ်မြို့နယ်တွင်း စက်သုံးဆီဆိုင် (၂၃)ဆိုင်အား အချိုးကျ ခွဲဝေပေးနိုင်ရန်အတွက် တာချီလိတ် မြိုနယ် စက်သုံးဆီ လုပ်ငန်းရှင်အသင်းမှ ဦးဆောင်ဆောင်ရွက်ပေးမည်ဖြစ်ပြီး၊ ဒေသတွင်း စက်သုံးဆီလိုအပ်ချက် ပြတ်လပ်မှုမရှိစေရေးအတွက် စီစဉ်ထားရှိကြောင်း သိရသည်။
▪️ ၄င်းပြင် သီလဝါဆပ်ကမ်းမှ တဆင့် တာချီလိတ်မြို့ထိ သယ်ဆောင်လာသော စက်သုံးဆီများမှာ ယနေ့ ရောက်ရှိလာသော စက်သုံးဆီကားများအပြင် တာကော်တံတား၏ ကြံ့ခိုင်မှု အခြေအနေ အရ ကားကြီးများ သွားလာရန် အတွက် မလွယ်ကူသေးသဖြင့် ကားသေးများဖြင့် ခေါက်ပြန်သယ်နေရကြောင်း သိရသည်။
▪️ ထို့အပြင် ယမန်နေ့က ရောက်ရှိလာသည့် စက်သုံးဆီကားများအပြင် ကာလိတွင်ရပ်ခဲ့သည့် စက်သုံးဆီ ကားများမှာလည်း ရက်ခြားထပ်မံဝင် ရောက်မည်ဖြစ် သေယကြောင့် မြို့နယ်အတွင်း စက်သုံးဆီပြတ်လပ်မှုမဖြစ်ပေါ်နိုင်စေရန် ဆောင်ရွက်ထားရှိမည်ဖြစ်ကြောင်း စက်သုံးဆီလုပ်ငန်းရှင် ဦးကျော်လင်းမှ ပြောကြားခဲ့ကြောင်း သိရသည်။
#YMG/NN #Yangon_Times