#Local_News
Published 17 March 2025

▪️ တက္ကသိုလ်ဝင် ကျောင်းသား/သူများ စာမေးပွဲဖြေဆိုနေချိန်အတွင်း အရေးပေါ်နှင့် မီးသတ်ယာဉ်များ ဥသြသံပေး မောင်းနှင်သွားမည်မဟုတ်ကြောင်း သိရသည်။

▪️ ယနေ့ မတ်လ (၁၇)ရက်နေ့မှ (၂၂ )ရက်နေ့အထိ တက္ကသိုလ်ဝင် ကျောင်းသား/သူများ စာမေးပွဲဖြေဆိုနေချိန်အတွင်းမီးလောင်မှုဖြစ်စဉ်များ၊ယာဉ်တိုက်မှုအရေးပေါ်လူနာပို့ဆောင်မှုများအား မီးသတ်ယာဉ်များလူနာတင်ယာဉ်များမှ ဥသြသံပေး မောင်းနှင်သွားမည်မဟုတ်ကြောင်း ဆိုထားသည်။

▪️ သို့သော် မီးသတ်ယာဉ်၊ လူနာတင်ယာဉ်ပေါ်၌ပါရှိသော အရေးပေါ်မီးလည်းနှင့်မီးတန်းများဖွင့်၍လည်းကောင်း၊ ရှေ့မီးကြီးမျာဖွင့်၍ လည်းကောင်း မောင်းနှင်သွားမည်ဖြစ်ကြောင်း သိရသည်။

▪️ အဆိုပါ ပုံစံဖြင့်မီးသတ်ယာဉ်များ၊ လူနာတင်ယာဉ်များမောင်းနှင်လာပါက လမ်းမပေါ်ရှိမိဘပြည်သူများအနေဖြင့် မိမိ၏ယာဉ်အား လမ်းဘေးသို့ကပ်/ချပေးခြင်းများ ပြုလုပ်ဆောင်ရွက်ပေးပါရန် မေတ္တာရပ်ခံအသိပေးထားကြောင်းသိရသည်။

#YMG/NN #Yangon_Times