#Local_News
Published 15 February 2025
▪️ ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါ တုံ့ပြန်ကာကွယ်ဆေး(OCV)တိုက်ကျွေးခြင်းကို မကွေးတိုင်းနှင့် တနင်္သာရီတိုင်းတွင် တိုက်ကျွေးသွားမည်ဖြစ်ကြောင်း ကျန်းမာရေးဝန်ကြီးဌာနမှ သိရသည်။
▪️ ကျန်းမာရေးဝန်ကြီးဌာန၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာနအနေဖြင့် ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါ ဖြစ်ပွားမှုများပြားခဲ့သည့် ရန်ကုန်တိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ မွန်ပြည်နယ်တို့တွင် ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါတုံ့ပြန်ကာကွယ်ဆေး(OCV)တိုက်ကျွေးခြင်းလုပ်ငန်းကို ဆောင်ရွက်ခဲ့ပြီးဖြစ်ကြောင်း သိရသည်။
▪️ လက်ရှိတွင်မကွေးတိုင်းဒေသကြီးအတွင်း ရောဂါဖြစ်ပွားမှုများရှိခဲသည့် မကွေးမြို့နယ်၊ မင်းလှမြို့နယ်နှင့် ပခုက္ကူမြို့နယ်တို့တွင် တိုက်ကျွေးပေးသွားမည်ဖြစ်ပြီး (OCV)ကာကွယ်ဆေးတိုက်ကျွေးခြင်းအား မကွေးတိုင်းဒေသကြီးအတွင်း၌ (၁၇-၂-၂၀၂၅) ရက်တွင် စတင်ဆောင်ရွက်မည်ဖြစ်ကြောင်း၊ကာကွယ်ဆေးရရှိမှုအရေအတွက်အရ (၅)ရက်မှ (၇)ရက်အတွင်း အပြီးသတ်ဆောင်ရွက်မည်ဖြစ်ကြောင်း၊ (OCV)ကာကွယ်ဆေး တိုက်ကျွေးရာတွင် အဓိက ဦးစားပေးတိုက်ကျွေးရမည့် ဦးတည်အုပ်စုများမှာ ကျူးကျော်ရပ်ကွက်နေပြည်သူများ၊ လူနေထူထပ်ပြီး ပတ်ဝန်းကျင်သန့်ရှင်းမှုအားနည်းသည့် နေရာများတွင် နေထိုင်သူများ၊ ရွှေ့ပြောင်းသူအုပ်စုများ၌ အသက်(၁)နှစ်အထက် ပြည်သူလူထုများအားလုံးကို ဦးစားပေး တိုက်ကျွေးမည်ဖြစ်ကြောင်း သိရသည်။
▪️ သန့်ရှင်းသော သောက်သုံးရေ၊ သန့်ရှင်းသောအိမ်သာတို့ကို အလွယ်တကူလက်လှမ်းမီသော ပြည်သူများ၊ လူနေမှုအဆင့်အတန်း မြင့်မားသူများအနေဖြင့် လတ်တလောတွင် ကာကွယ်ဆေးသောက်သုံးရန် မလိုအပ်သေးကြောင်းလည်း သိရသည်။
#YMG/SW #Yangon_Times