#Local_News
Published 14 February 2025
▪️ တရုတ်နှင့်ထိုင်းငွေကြေးများဖြစ်သည့် ယွမ်နှင့်ဘတ် ၁၁သိန်းကျော် ကိုမြန်မာနိုင်ငံတော် ဗဟိုဘဏ် မှ ယမာန်နေ့က ထုတ်ရောင်းလိုက်ကြောင်းသိရသည်။
▪️ ထိုသို့ရောင်းချရာတွင် ငွေလဲနှုန်း ၅၄၂ ကျပ်ဖြင့် တရုတ်ယွမ် ၅၄၈,၄၂၈ ကို မြန်မာနိုင်ငံတော်ဗဟိုဘဏ်က ဖေဖော်ဝါရီလ (၁၃) ရက်နေ့တွင် ထုတ်ရောင်းခဲ့ခြင်းဖြစ်သည်။
▪️ ထို့အပြင် ငွေလဲနှုန်း ၁၃၁ ဒသမ ၅ ကျပ်ဖြင့် ထိုင်းဘတ် ၅၉၇,၅၂၈ ကိုလည်း ရောင်းပေးခဲ့ကြောင်း သိရသည်။
▪️ ထို့အပြင် AD လိုင်စင်ရဘဏ်များနှင့် လုပ်ငန်းရှင်များအကြား အမေရိကန်ဒေါ်လာ ၁၃.၃၁၈ သန်း၊ တရုတ်ယွမ် ၉၄၅,၅၈၆၊ ထိုင်းဘတ် ၁၃.၄၁၃ သန်းနှင့် အိန္ဒိယရူပီး ၄.၃၄၂ သန်း အလွှဲအပြောင်းရှိခဲ့ကြောင်း သိရသည်။
#YMG/NN #Yangon_Times