#Local_News
Published 13 September 2024

 

▪️ မန္တလေးတိုင်းဒေသကြီး၊ တံတားဦးမြို့နယ်ရှိကျေးရွာများတွင် ယနေ့နံနက်ပိုင်းက ရေများဝင်ရောက်၍ ကူညီကယ်ဆယ်ရေးများပြုလုပ်ခဲ့ရကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့မှ သိရသည်။

 

▪️ စက်တင်ဘာ ၁၃ရက်နေ့၊ မနက် ၇ အချိန်ခန့်က ၊ မန္တလေးတိုင်းဒေသကြီး၊ တံတားဦးမြို့နယ်၊ ပလ္လင်တောင်၊ ရွှေပေါ်ကျွန်း၊ ဘုရားကြီးကုန်း၊ အေးကြည်ကုန်းကျေးရွာများအတွင်း ရေဝင်ရောက်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

 

▪️ အဆိုပါဖြစ်စဉ်ကြောင့်  တံတားဦးမြို့နယ်မီးသတ်စခန်းမှ ရှာဖွေကယ်ဆယ်ရေးတပ်ဖွဲ့ဝင်များသည် သက်ဆိုင်ရာအဖွဲ့အစည်းများနှင့် ပူးပေါင်း၍ ရေဘေးသင့်ပြည်သူများအား ဘေးလွတ်ရာသို့ ကူညီရွှေ့ပြောင်းပေးလျက်ရှိကြောင်း သိရသည်။

 

#YMG/NN #Yangon_Times