#Local_News
Published_31 March 2025

▪️ လျှပ်စစ်ဓာတ်အားမရရှိ၍ ပြည်သူများ ခက်ခဲနေချိန် PDF က ဓာတ်အားခွဲရုံကို လက်နက်ငယ်များဖြင့် ပစ် ခတ်တိုက်ခိုက်ခဲ့ကြောင်း နစက သတင်းထုတ်ပြန်ရေးအဖွဲ့က သိရသည်။

▪️ ယနေ့ မတ်လ ၃၁ ရက် ယနေ့ နံနက် ၆ နာရီခန့်တွင် မကွေးတိုင်းဒေသကြီး၊ စလင်းမြို့၏ အနောက်မြောက် ဘက် မီတာ ၅၅၀၀ ခန့်အကွာရှိ တညောင်ဓာတ် အားခွဲရုံစက်ရုံမှ လုံခြုံရေးတပ်ဖွဲ့ဝင်များကိုလက်နက်ငယ်များဖြင့် လာရောက်ပစ်ခတ်တိုက်ခိုက်ခဲ့သဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက ပြန်လည်ပစ်ခတ် တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်သမားများသည် ပြန်လည်ဆုတ်ခွာ ထွက်ပြေးသွားခဲ့ကြောင်း သိရသည်။

▪️ မတ်လ ၂၈ ရက် ဒေသစံတော်ချိန် မွန်းလွဲ ၁၂ နာရီ ၅၁ မိနစ်ခန့်တွင် လှုပ်ခတ်ခဲ့သော မြေငလျင်ကြောင့် တိုင်းဒေသကြီးနှင့် ပြည်နယ်အချို့၌ လျှပ်စစ်ဓာတ်အား ပြတ်တောက်မှုများဖြစ်ပေါ်ခဲ့ရပြီး နိုင်ငံတော်အစိုးရ အနေဖြင့် လျှပ်စစ်ဓာတ်အားများ အမြန်ဆုံး ပြန်လည် ပို့လွှတ်ဖြန့်ဖြူးပေးနိုင်ရေး အရှိန်အဟုန်မြှင့်တင်၍ ဆောင်ရွက်လျက်ရှိသည့်အပြင် လုံခြုံရေးတပ်ဖွဲ့ဝင်များက သဘာဝဘေးအန္တရာယ်တစ်ခုဖြစ်သည့် ငလျင်ဒဏ်ကြောင့် ပြည်သူများ အတိဒုက္ခရောက်နေသဖြင့် ကူညီကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်နေစဉ် PDF အမည်ခံအကြမ်းဖက်သမားများကအခွင့်ကောင်းယူ၍ အဖျက်အမှောင့်အနှောင့်အယှက်လုပ်ငန်းများကို နည်း လမ်းမျိုးစုံဖြင့် လုပ်ဆောင်လျက်ရှိကြောင်း ယင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

#Yangon_Times/PP