#Local_News
Published 24 March 2025
▪️ မဲခေါင်-လန်ချန်းအထူးရန်ပုံငွေဖြင့် ဝါးဆန်းသစ်တီထွင်မှု သုတေသနစင်တာ တည်ဆောက်ရေးစီမံကိန်းကို ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိပ္ပံနှင့်နည်းပညာဝန်ကြီး ဌာန၊ သုတေသနနှင့်တီထွင်ဆန်းသစ်မှု ဦးစီးဌာနမှ သိရသည်။
▪️ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၊ သုတေသနနှင့်တီထွင်ဆန်းသစ်မှု ဦးစီးဌာန က မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှု အထူးရန်ပုံငွေ(၂၀၂၄)ဖြင့် စီမံကိန်းနှစ်ခု အကောင်အထည်ဖော်ဆောင်ရွက်သွားမည်ဖြစ်ရာ ဝါးဆန်းသစ်တီထွင်မှု ထုတ်ကုန်များနှင့် ပတ်သက်သည့် သုတေသနစင်တာ တည်ဆောက်ရေးစီမံကိန်း (လုပ်ငန်းစဉ် ၁) စီမံကိန်းအပြင် ဒီဂျစ်တယ် စီးပွားရေးကို ပံ့ပိုးပေးနိုင်ရန်အတွက် အိုင်စီတီ ပူးပေါင်းဆောင်ရွက်သည့် ဆန်း သစ်တီထွင်မှုများ တိုးမြှင့်ခြင်းဆိုင်ရာ စီမံကိန်းများကို ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
▪️ ဝါးသည် ကြီးထွားမြန် သယံဇာတဖြစ်သည့်အတွက် ဆောက်လုပ်ရေး၊ ပရိဘောဂ၊ လက်မှုလုပ်ငန်းများတွင် အသုံးချနိုင်မည့်တန်ဖိုးရှိသည့် သယံဇာတဖြစ်ရာ ဝါးထုတ်လုပ်မှုကို အားပေးခြင်းအားဖြင့် ထုတ်ကုန်တင်ပို့မှုကို တိုးမြှင့်နိုင်မည်ဖြစ်ပြီး ကျေးလက်ဒေသများအတွက်ပါ အလုပ်အကိုင် အခွင့် အလမ်းများဖန်တီးပေးနိုင်မည်ဖြစ်ကြောင်း၊ လက်ရှိပြည်တွင်း၌ ကြိမ်၊ဝါးနှင့် လက်မှုပစ္စည်းထုတ်လုပ်သည့် ကုမ္ပဏီ ၉ ခု ခန့်ရှိပြီး ကျေးလက်ဒေသ အခြေခံထုတ်ကုန်ဖြစ်သည့် ကြိမ်၊ ဝါးနှင့် ပြုလုပ်သည့်လက်မှုပစ္စည်းများကို ပြည်ပ ဈေးကွက်သို့ ၈၀ ရာခိုင်နှုန်းတင်ပို့နေပြီး ပြည်တွင်း ဈေးကွက်၌ ၂၀ ရာခိုင်နှုန်း ဖြန့်ဖြူး ရောင်းချနေကြောင်း သိရသည်။
#YMG/SW #Yangon_Times