#Local_News
Published_20 Feb 2025
▪️ ရွှေဘိုမြို့နယ်တွင် ရှင်ပြုအလှူပြုလုပ်နေချိန် PDF များက Drop Bomb များဖြင့်ပစ်ချ၍အသက် (၉)နှစ်အရွယ် ကလေးတစ်ဦးသေဆုံးခဲ့ကာ ၁၄ ဦးဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
▪️ ယနေ့ဖေဖော်ဝါရီလ ၁၉ ရက်တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ရွှေဘိုမြို့နယ်၊ပန်းရံကျေး ရွာ ဘုန်းတော်ကြီးကျောင်း ၌ ရှင်ပြုအလှူတော်မင်္ဂလာ ကျင်းပနေချိန်၌ ကျေးရွာ၏ အရှေ့မြောက်ဘက်မှ Drone ယာဉ် ၂ စီးဖြင့် Drop Bomb ချတိုက်ခိုက်မှုကြောင့် ကျောင်းအတွင်းရှိ ဓမ္မာရုံပေါ်သို့ ကျရောက်ပေါက်ကွဲခဲ့သဖြင့် အသက် (၉)နှစ် အရွယ် ကလေးငယ်တစ်ဦး သေဆုံးခဲ့ပြီး အပြစ်မဲ့ပြည်သူ ၁၄ ဦး ထိခိုက်ဒဏ်ရာများရရှိခဲ့ကြောင်း သိရသည်။
▪️ အဆိုပါ ဖြစ်စဉ်တွင်သေဆုံး၊ ထိခိုက်ဒဏ်ရာရရှိခဲ့ကြသူများအား ရွှေဘိုမြို့၊ ပြည်သူ့ဆေးရုံသို့ ပို့ဆောင်၍ လိုအပ်သည့် ကျန်းမာရေးစောင့်ရှောက်မှုလုပ်များ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
▪️ ယင်းသို့ အသက်ငယ်ရွယ်သော ကလေးသူငယ်များပါမချန် အပြစ်မဲ့ပြည်သူများ ထိခိုက်သေဆုံးဒဏ်ရာရရှိ အောင် လုပ်ဆောင်ခဲ့သည့် အကြမ်းဖက် သမားများ၏ ရက်စက်ယုတ်မာသောလုပ်ရပ်များအား ဒေသခံပြည် သူများအနေဖြင့် လက်မခံနိုင် ဘဲ ကန့်ကွက်ရှုတ်ချလျှက်ရှိကြောင်း နှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက နယ်မြေဒေသ တည်ငြိမ်အေးချမ်း ရေးအ တွက် လိုအပ်သည့် လုံခြုံရေးလုပ်ငန်းများ ဆက်လက်ဆောင်ရွက် လျက်ရှိကြောင်း သိရသည်။
#Yangon_Times/PP